ကမ္ဘာဦး 6:2 - Common Language Bible2 အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ကောင်း ကင် သား တို့ သည် လူ့ သ မီး များ အ ဆင်း လှ သည် ကို မြင်၍ စိတ် တိုင်း ကျ ရာ ရွေး ချယ် စုံ ဖက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-