Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 6:4 - Common Language Bible

4 ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထို ကာ လ၌ မြေ ကြီး ပေါ် မှာ ကိုယ် ကြီး မြင့် သူ များ ရှိ ကြ၏။ ၎င်း နောက်၌ လည်း လူ့ သ မီး များ နှင့် ကောင်း ကင် သား တို့ ချဥ်း ကပ် ၍ ရ သော သား တို့ သည် ရှေး ကာ လ တွင် အ စွမ်း ကောင်း သော သူ၊ ကျော် စော သော သူ များ ဖြစ် ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 6:4
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``မိုး​ထိ​အောင်​မြင့်​သော​ရဲ​တိုက်​နှင့် တ​ကွ​မြို့​ကြီး​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ဤ နည်း​အား​ဖြင့်​ငါ​တို့​သည်​ထင်​ရှား​ကျော်​ကြား လာ​၍ ကမ္ဘာ​အ​ရပ်​ရပ်​သို့​မ​ကွဲ​မ​လွင့်​ဘဲ​ရှိ လိမ့်​မည်'' ဟု​ဆို​လေ​၏။


အ​လွန်​ထွား​ကျိုင်း​သော​အာ​န​က​လူ​မျိုး​၏ အ​ဆက်​အ​နွယ်​များ​ကို​လည်း ငါ​တို့​တွေ့​မြင် ခဲ့​ရ​သည်။ ငါ​တို့​အ​မြင်​အား​ဖြင့်​ငါ​တို့​သည် သူ​တို့​ရှေ့​တွင်​နှံ​ကောင်​များ​သ​ဖွယ်​သေး​ငယ် ပါ​၏။ သူ​တို့​သည်​ငါ​တို့​ကို​နှံ​ကောင်​များ သ​ဖွယ်​မြင်​ပါ​မည်'' ဟု​ဆို​ကြ​လေ​သည်။


သူ​တို့​သည်​ထွား​ကြိုင်း​သော​အာ​န​က​လူ​ကဲ့ သို့ အ​ရပ်​အ​မောင်း​မြင့်​မား​သည်။ အာ​န​က​လူ အ​မျိုး​ကဲ့​သို့​သူ​တို့​ကို ရီ​ဖိမ်​လူ​မျိုး​ဟူ​၍ လည်း​ခေါ်​တွင်​ကြ​သည်။ သို့​ရာ​တွင်​မော​ဘ အ​မျိုး​သား​တို့​က သူ​တို့​အား​ဧ​မိမ်​လူ မျိုး​ဟူ​၍​ခေါ်​ကြ​သည်။-


(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)


ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ