Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 18:10 - Common Language Bible

10 ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဤ သူ ငယ် တစ် ယောက် ယောက် ကို မ ထီ မဲ့ မြင် မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ စောင့် ထိန်း သူ ကောင်း ကင် တ မန် တို့ သည် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ မျက် နှာ တော် ကို အ စဉ် ဖူး မြင် ရ ကြ သည် ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

10 သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 18:10
45 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။-


မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး​တော် တွင်​ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ​ကြ သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-


မင်း​ကြီး​အ​များ​ဆုံး​တိုင်​ပင်​လေ့​ရှိ​သော သူ​များ​မှာ ပေ​ရ​သိ​နှင့်​မေ​ဒိ​အ​မတ်​များ ဖြစ်​ကြ​သော​ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ မာ​သ၊ တာ​ရှိ​ရှ၊ မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန် တို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ကား​နိုင်​ငံ​တော် တွင်​အ​မြင့်​ဆုံး​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့် ခြင်း​ခံ​ရ​သူ​များ​ဖြစ်​သ​တည်း။-


သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။


ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။


သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-


သူ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ်​ရာ​တွင် တိုး တက်​မှု​နှေး​ကွေး​သည့်​အ​တွက်​စိတ်​ပျက်​ကြ သော်​လည်း ဗိ​မာန်​တော်​ကို​ဇေ​ရု​ဗ​ဗေ​လ​သည် ချိန်​ကြိုး​ကိုင်​လျက် ဆက်​လက်​တည်​ဆောက်​လျက် နေ​ကြောင်း​ကို​တွေ့​မြင်​ရ​သော​အ​ခါ​၌​မူ ဝမ်း​မြောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​က​ငါ့​အား``မီး​ခွက်​ခု​နစ် ခု​သည်​ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​တွေ့ မြင်​နိုင်​သော ထာ​ဝ​ရ​ဘု​ရား​၏​မျက်​စိ ခု​နစ်​လုံး​ဖြစ်​၏'' ဟု​ပြော​၏။


ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-


သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။


ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။


``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။-


ပ​ညာ​ရှိ​များ​ထွက်​ခွာ​သွား​ကြ​ပြီး​နောက်​ယော​သပ် သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး ကို​အိပ်​မက်​တွင်​မြင်​ရ​၏။ ကောင်း​ကင်​တ​မန်​က ``ထ လော့၊ သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို​ခေါ်​၍​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​လော့။ ဟေ​ရုဒ်​မင်း​သည်​သူ​ငယ် တော်​ကို​သတ်​ရန်​ရှာ​လိမ့်​မည်။ သင်​တို့​အား​ပြန် လာ​ရန်​ငါ​အ​မိန့်​မ​ပေး​မ​ချင်း​ထို​အ​ရပ်​တွင် နေ​လော့'' ဟု​ဆို​၏။-


ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။-


ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။


ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-


သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား ``သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​သူ​သည်​ငါ့​စ​ကား​ကို နား​ထောင်​၏။ သင်​တို့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို ပစ်​ပယ်​၏။ ငါ့​ကို​ပစ်​ပယ်​သူ​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ပစ်​ပယ်​သည်'' ဟု​မိန့် တော်​မူ​၏။


ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-


မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။


ထို​သူ​တို့​က ``သင်​ရူး​လေ​ပြီ'' ဟု​ဆို​၏။ သို့ သော်​အ​စေ​ခံ​မ​က​လေး​က​မိ​မိ​ပြော​သည့် အ​တိုင်း အ​မှန်​ပင်​ဖြစ်​ကြောင်း​ပြော​နေ​သ​ဖြင့် သူ​တို့​က ``ထို​သူ​သည်​ပေ​တ​ရု​၏​ကိုယ်​စောင့် ကောင်း​ကင်​တ​မန်​ဖြစ်​တန်​ရာ​၏'' ဟု​ဆို​ကြ​၏။


ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။


ငါ​၏​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​လွန်​ခဲ့​သော​ည​က ငါ့​ထံ​သို့​လာ​လျက်၊-


သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-


ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-


အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။-


ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-


သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။


သူ့​ကို​အ​ဘယ်​သူ​မျှ​မ​လေး​မ​စား​မ​ပြု​စေ​နှင့်။ ငါ​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​နှင့်​အ​တူ​သူ့ ကို​စောင့်​မျှော်​လျက်​ရှိ​သ​ဖြင့် သူ့​အား​ငါ့​ထံ​သို့ ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​စေ​ရန်​ကူ​ညီ ကြ​လော့။


ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။


ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-


``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-


ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-


သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။


အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-


ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။


စစ်​မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တော်​၏​ပုံ​တူ​ဖြစ် သော​လူ​တို့​လက်​ဖြင့်​တည်​ဆောက်​သည့်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့ ခ​ရစ်​တော်​သည်​ဝင်​တော်​မူ သည်​မ​ဟုတ်​ဘဲ​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ​၍ ငါ​တို့​ကိုယ်​စား​ဘု​ရား​သ​ခင်​၏​ရှေ့​တော် မှောက်​သို့​ရောက်​ရှိ​တော်​မူ​၏။-


ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ