Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 18:20 - Common Language Bible

20 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဝိ ညာဉ် တစ် ပါး ထွက် ရပ် လျက်၊ အ ကျွန်ုပ် သွေး ဆောင် ပါ မည် ဟု လျှောက် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုအခါ ဝိညာဉ်​တစ်ပါး​ထွက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် ‘​အကျွန်ုပ် ဖြားယောင်း​ပါ​မည်​’​ဟု လျှောက်တင်​လျှင် ထာဝရဘုရား​က ‘​မည်သို့​ဖြားယောင်း​မည်နည်း​’​ဟု မေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 18:20
6 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။


ဧ​ဝ​သည်​မြွေ​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် အ​လှည့်​စား​ခံ​ရ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း စိတ်​ဖောက်​ပြန်​ကာ ခ​ရစ်​တော်​အား​အ​ကြွင်း​မဲ့ ချစ်​ခင်​စွဲ​လမ်း​မှု​ကို​စွန့်​လွှတ်​လိုက်​ကြ​မည် လော​ဟု​ငါ​စိုး​ရိမ်​မိ​၏။-


တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။


သူ​ယုတ်​မာ​ကြီး​သည်​စာ​တန်​၏​တန်​ခိုး​ကို​ခံ​ယူ ၍​ရောက်​ရှိ​လာ​သော​အ​ခါ အံ့​သြ​ဖွယ်​ရာ​ထူး​ဆန်း သော​နိ​မိတ်​လက္ခ​ဏာ​အ​တု​အ​ယောင်​အ​မျိုး​မျိုး ကို​ပြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ