အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
နေဟမိ 6:14 - Common Language Bible ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။ Garrad Bible အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ထို သို့ ပြု သော တော ဘိ ယ နှင့် သ မ္ဘာ လတ် တို့ ကို လည်း ကောင်း၊ အ ကျွန်ုပ် အား ခြောက် လှန့် သူ ပ ရော ဖက် မ နော ဒိ နှင့် တ ကွ၊ အ ခြား ပ ရော ဖက် တို့ ကို လည်း ကောင်း မှတ် တော် မူ ပါ။ Judson Bible အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကိုလည်းကောင်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းခြောက်သော ပရောဖက်တို့ကိုလည်းကောင်း မှတ်တော်မူပါ။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ တောဘိနှင့် သမ္ဘာလတ်တို့၏လုပ်ရပ်ကို မှတ်တော်မူပါ။ ပရောဖက်မ နောဒိနှင့် ကျန်ပရောဖက်တို့၏ခြိမ်းခြောက်မှုကိုလည်း မှတ်တော်မူပါ။ |
အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။
အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။
အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ ``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။
ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊-
ထိုအခါဟာနနိသည်ငါ၏လည်ဂုတ် ပေါ်မှထမ်းပိုးကိုဖြုတ်ယူ၍ အပိုင်းပိုင်း ချိုးပစ်ပြီးလျှင်၊-
ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊-
တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။-
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
``သိုးရေခြုံဝံပုလွေသားရဲနှင့်တူသောမိစ္ဆာ ပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။-
ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။-
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-