ဆာလံ 22:1 - Common Language Bible1 ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။ အခန်းကိုကြည့်ပါ။Garrad Bible1 အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း။ အ ကျွန်ုပ် ကို မ ကယ်၊ အော် ဟစ် သံ ကို မ ကြား ဘဲ အ ဘယ့် ကြောင့် ဝေး ကွာ စွာ နေ တော် မူ ပါ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible1 အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-