နေဟမိ 13:29 - Common Language Bible29 အို ဘုရားသခင်၊ထိုသူတို့သည်ယဇ်ပုရော ဟိတ်ရာထူးကိုလည်းကောင်း၊ ယဇ်ပုရော ဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကို လည်းကောင်းအဘယ်သို့ရှုတ်ချကြသည် ကိုမှတ်တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible29 အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ပ ရော ဟိတ် ရာ ထူး ကို လည်း ကောင်း၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခံ ရ သော ပ ဋိ ညာဉ် သစ္စာ တော် ကိုလည်း ကောင်း၊ ဖောက် ကျော် သူ တို့ အား မှတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible29 အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-