ယေရမိ 28:1 - Common Language Bible1 ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊- အခန်းကိုကြည့်ပါ။Garrad Bible1 ထို တစ် နှစ် ချင်း၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ စ ကာ လ၊ လေး နှစ် မြောက် ပဥ္စ မ လ တွင် ပ ရော ဟိတ် တို့ နှင့် လူ ပ ရိ သတ် ရှေ့၊ ဗိ မာန် တော် ၌ ဂိ ဗောင် မြို့ နေ အာ ဇု ရ သား၊ ပ ရော ဖက် ဟာ န နိ က၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိ နန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇုရသားဟာနနိက၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား အခန်းကိုကြည့်ပါ။ |
အိပ်မက်ကိုမြင်မက်သည့်ပရောဖက်သည် မိမိ မြင်မက်သည့်အရာမှာအိပ်မက်မျှသာဖြစ် ကြောင်းပြောကြားသင့်၏။ သို့ရာတွင်ငါ၏ ဗျာဒိတ်တော်ကိုကြားသည့်ပရောဖက်မူကား ထိုဗျာဒိတ်တော်ကိုသစ္စာနှင့်ပြန်ကြားရ၏။ ဂျုံ ဆန်နှင့်နှိုင်းစာသော်ကောက်ရိုးသည်အဘယ် မျှအသုံးဝင်သနည်း။-
နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။-
သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-