ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
ဒေသနာကျမ်း။ 9:9 - Common Language Bible နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ Garrad Bible နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။ Judson Bible နေအောက်မှာ ပေးသနားတော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာ ကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။ |
ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။ သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏။ သမ္မာသတိရှိသောမယားမူကား၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ်၏။
ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။
ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-