Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 9:9 - Garrad Bible

9 နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 9:9
14 ပူးပေါင်းရင်းမြစ်များ  

ထို မြို့၌ ကာ လ အ တန် ကြာ နေ ပြီး မှ၊ ဖိ လိ တ္တိ မင်း အ ဘိ မ လက် သည် လေ သာ ပြူ တင်း မှ ရှု ကြည့် ရာ၊ ဣဇာက် နှင့် မ ယား ရေ ဗ က္က တို့ ရယ် ရွှင် နေ ကြ သည် ကို မြင် လျှင် ဣ ဇာက် ကို ခေါ် ၍၊


လူ သည် အ ခိုး အ ငွေ့ နှင့် လည်း ကောင်း၊ ရက် တာ လည်း ပြေး သွား ရာ အ ရိပ် နှင့် လည်း ကောင်း၊ တူ ပါ ၏။


အ ကျွန်ုပ်၏ နေ့ ရက် တာ ကို၊ တစ် မိုက် ခန့် မျှ သာ ကမ်း သတ် တော် မူ သည့် အ လျောက်၊ ရှေ့ တော် တွင် အ သက် တာ သည်၊ အ ရေး ယူ ဖွယ် မ ဟုတ် ပါ။ လူ ဟူ သ မျှ တို့ မှာ၊ တည် တံ့ လျက် ပင်၊ အ ခိုး အ ငွေ့ သက် သက် မု ချ ဖြစ် ပါ၏။


မ ယား ကို ရ သော သူ သည်၊ ကောင်း သော အ ရာ ကို ရ၍၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ ရ ၏။


အိမ် မှ စ သော စီး ပွား ချမ်း သာ သည်၊ အ ဘ ထံ ရ သော အ မွေ အ နှစ် ဖြစ်၏။ သ တိ ပ ညာ ရှိ သော မ ယား မူ ကား၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ ရာ ဖြစ်၏။


စ က္ခု အာ ရုံ တစ် စုံ တစ် ခု ကို မျှ ငါ မ ငြင်း၊ အ လုပ် အ ကိုင် သည် ကိုယ် ကျိုး ဖြစ် သည် နှင့်၊ လုပ် ကိုင် သ မျှ အ တွက် ငါ ရွှင် လန်း ၍၊ စိတ် ရွှင် လန်း ရာ အ ကြောင်း တစ် စုံ တစ် ခု ကို မျှ ငါ မ ပယ်။


ငါ့ ထက်၊ စား သောက်၍ သု ခ ဝေ ဒ နာ ခံ စား သူ မည် သူ မျှ မ ရှိ သည် နှင့် အ ညီ၊ စား သောက် ခြင်း၊ လုပ် ကိုင် မှု ၌ စိတ် ရွှင် လန်း ခြင်း များ ထက်၊ လူ ၌ ကောင်း သော အ ရာ မ ရှိ ချေ။ ထို သို့ သော အ ခွင့် ကို ဘု ရား သ ခင့် လက် တော် မှ ရ သည် ဟု ငါ သိ ၏။


လူ တိုင်း စား သောက် ခြင်း၊ လုပ် ကိုင် သ မျှ၌ စိတ် ရွှင် လန်း ခြင်း များ သည်၊ ဘု ရား သ ခင့် ဆု ကျေး ဇူး ဖြစ် ကြောင်း ကိုလည်း‌ ကောင်း၊ ငါ သိ ၏။


လူ သည် အ ပြု အ မူ၌ ရွှင် လန်း ခြင်း ထက်၊ ကောင်း သော အ ရာ မ ရှိ သည် ကို ငါ သိ မြင်၏။ ထို ရွှင် လန်း ခြင်း ကား၊ ကိုယ် ကျိုး ဖြစ် သ တည်း။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို သိ စေ ခြင်း ငှာ၊ သူ့ ကို မည် သူ ပြန် ခေါ် နိုင် သ နည်း။


သင့် လျော် သော အ ခြင်း အ ရာ ကို ငါ မြင် ရ သည် မှာ၊ ဘု ရား သ ခင် ပေး တော် မူ သော နေ့ ရက် ပိုင်း အ တွင်း၊ ကိုယ် ကျိုး ဖြစ် သည် နှင့် အ ညီ၊ စား သောက် ခြင်း၊ နေ အောက် တွင် ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ၌ ရွှင် လန်း ခြင်း တည်း။


နေ အောက် တွင်၊ နောက် မည် သို့ ဖြစ် ပျက် မည် ကို၊ ဖော် ပြ နိုင် သူ မ ရှိ သည် ဖြစ်၍၊ အ ရိပ် မျှ သာ အ ချည်း အ နှီး သော အ သက် တာ ကုန် လွန် ရာ၌၊ လူ့ အ ဖို့ ထိုက် သင့် ရာ ကို မည် သူ သိ သ နည်း။


အ န တ္တ နေ့ ရက် အ တွင်း ငါ မြင် သော အ ချက် အ ချာ မှာ၊ ဖြောင့် မတ် သူ သည်၊ ဖြောင့် မတ် လျက် ပျက် စီး ရ သည် ကို လည်း‌ ကောင်း၊ ဆိုး သွမ်း သူ လည်း၊ ဆိုး သွမ်း လျက် အ သက် ရှည် သည် ကို လည်း‌ ကောင်း၊ ငါ မြင် ရ လေ ပြီ။


ဇီ ဝ အ သက် ကို အ ကြွင်း မဲ့ ပိုင် ရှင် တစ် ဆူ တည်း သာ၊ ဖန် ဆင်း တော် မူ သည် မ ဟုတ် လော။ ထို အ ရှင် ဖန် ဆင်း တော် မူ သည် မှာ၊ ကြည် ညို သော အ နွယ် ကို လို တော် မူ သော ကြောင့် တည်း။ သို့ ဖြစ်၍ ကိုယ့် စိတ် ကို သ တိ မူ လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ