Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 9:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နေ အောက် တွင် ပေး သ နား တော် မူ သော၊ အ ချည်း အ နှီး အ သက် ရှည် သ မျှ အ တွင်း၊ ချစ် ခင် သည့် ကြင် ဘက် နှင့် အ တူ မွေ့ လျော် နေ ထိုင် လော့။ ဤ သည် ကား၊ နေ အောက် တွင် အ သက် ရှင် စဉ်၊ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ သော အ ကျိုး ဆက် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 9:9
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထို​အရပ်​၌​ရက်​အတန်ကြာ​နေ​လေ​၏​။ တစ်နေ့တွင် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​လိုက်​ရာ ဣဇက်​သည် မိမိ​မယား​ရေဗက္ကာ​နှင့် ဆော့မြှူကျီစယ်​နေ​သည်​ကို​မြင်​၏​။


လူ​သည် အခိုးအငွေ့​ကဲ့သို့​ဖြစ်​ပါ​၏​။ သူ​၏​နေ့ရက်​တို့​သည် ရိပ်ကနဲ​ဖြတ်သွား​သော အရိပ်​ကဲ့သို့​ဖြစ်​ကြ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​အသက်တာ​၏ နေ့ရက်​များ​ကို လက်တစ်ဝါး​သာ​ရှည်​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​အသက်တာ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တွင် ဘာမျှ​မ​ဟုတ်​သကဲ့သို့​ဖြစ်​ပါ​၏​။ အကယ်စင်စစ် လူ​တိုင်း​သည် မြဲမြံ​စွာ​ရပ်တည်​လျက်​နေ​စဉ်မှာပင် အခိုးအငွေ့​သက်သက်​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


မယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အရာ​ကို​ရ​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။


အိမ်ရာ​နှင့်​စည်းစိမ်ဥစ္စာ​သည် မိဘ​ဘိုးဘွား​တို့​ပေး​သော​အမွေ​ဖြစ်​၏​။ ပညာသတိ​ရှိ​သော​မယား​မူကား ထာဝရဘုရား​ပေးသနား​တော်မူ​ရာ​ဖြစ်​၏​။


ငါ​သည် ငါ့​မျက်စိ​လိုချင်​တပ်မက်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ​မ​ငြင်း​။ ငါ့​စိတ်နှလုံး​ကို​လည်း အပျော်အပါး​ရှိသမျှ​ကို ခံစားခွင့်​ပေး​ထား​၏​။ အမှန်စင်စစ် ငါ​၏​စိတ်နှလုံး​သည် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ ဝမ်းမြောက်​၏​။ ဤသည်ကား ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက် ငါ​ရရှိ​သော​ဝေစု​ဖြစ်​၏​။


လူ​သည် စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အပေါ် စိတ်​ကျေနပ်အားရ​လျက်​နေ​ခြင်း​မှတစ်ပါး သူ့​အတွက်​အခြား​ကောင်း​သော​အရာ​မ​ရှိ​။ ထို​အရာ​သည်​လည်း ဘုရားသခင်​၏​လက်​တော်​မှ​လာ​သည်​ကို ငါ​တွေ့မြင်​၏​။


လူ​တိုင်း စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ်​၌ ကျေနပ်အားရ​လျက်​နေ​ခြင်း​သည်​လည်း ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်ကြောင်း ငါ​သိ​၏​။


သို့ဖြစ်၍ လူ​သည် မိမိ​ပြုလုပ်​သော​အမှု​၌ ဝမ်းမြောက်​ခြင်း​မှတစ်ပါး အခြား​ကောင်း​သော​အရာ​မ​ရှိ​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ထို​အရာ​သည် သူ​၏​ဝေစု​ဖြစ်​၏​။ အဘယ်ကြောင့်​ဆိုသော် သူ့​နောက်တွင် ဖြစ်လာ​မည့်​အရာ​ကို​မြင်​ရ​ရန် မည်သူ​သည် သူ့​ကို​ခေါ်ဆောင်​သွား​နိုင်​မည်နည်း​။


ကြည့်ရှု​လော့​။ ဘုရားသခင်​ပေး​တော်မူ​သည့် အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ​သည် စား​လျက်​၊ သောက်​လျက်​၊ နေ​အောက်​၌ ကြိုးပမ်းအားထုတ်​သည့် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ် ကျေနပ်အားရ​လျက်​နေ​ခြင်း​သည် ကောင်းမြတ်​၍​တင့်တယ်​ကြောင်း ငါ​တွေ့မြင်​၏​။ အကြောင်းမူကား ဤ​အရာ​သည် လူ​၏​ဝေစု​ဖြစ်​၏​။


အရိပ်​ကဲ့သို့​ဖြတ်သန်း​သွား​၍ အချည်းနှီး​ဖြစ်​သည့် လူ​၏​အနည်းငယ်​သော​အသက်တာ​နေ့ရက်​များ​၌ လူ့​အသက်တာ​အတွက် မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို မည်သူ​သိ​နိုင်​သနည်း​။ သူ့​နောက်တွင် နေ​အောက်​၌ မည်သည့်​အရာ​ဖြစ်ပျက်​မည်​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​သနည်း​။


ငါ​၏​အချည်းနှီး​သော​နေ့ရက်​များ​၌ ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တွေ့မြင်​ပြီ​။ မိမိ​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ ပျက်စီး​ရ​သည့် ဖြောင့်မတ်​သော​သူ​ရှိ​သကဲ့သို့ မိမိ​၏​ဆိုးယုတ်​ခြင်း​ထဲ၌ အသက်ရှည်​ရ​သည့်​ဆိုးယုတ်​သော​သူ​လည်း​ရှိ​၏​။


သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ