Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 26:8 - Common Language Bible

8 ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို မြို့၌ ကာ လ အ တန် ကြာ နေ ပြီး မှ၊ ဖိ လိ တ္တိ မင်း အ ဘိ မ လက် သည် လေ သာ ပြူ တင်း မှ ရှု ကြည့် ရာ၊ ဣဇာက် နှင့် မ ယား ရေ ဗ က္က တို့ ရယ် ရွှင် နေ ကြ သည် ကို မြင် လျှင် ဣ ဇာက် ကို ခေါ် ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​မြို့၌​ကာ​လ​အင်​တန်​ကြာ​နေ​ပြီး​မှ၊ တစ်​နေ့​သ၌၊ ဣ​ဇာက်​သည် မိ​မိ​မ​ယား​ရေ​ဗ​က္က​နှင့်​က​စား​သည်​ကို၊ ဖိ​လိ​တ္တိ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် ပြတင်း​ပေါက်​ဝ​က ကြည့်​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​သည် ထို​အရပ်​၌​ရက်​အတန်ကြာ​နေ​လေ​၏​။ တစ်နေ့တွင် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​လိုက်​ရာ ဣဇက်​သည် မိမိ​မယား​ရေဗက္ကာ​နှင့် ဆော့မြှူကျီစယ်​နေ​သည်​ကို​မြင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 26:8
8 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-


အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။


ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊


နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။


ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။


သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။ ``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။ သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ