Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 39:5 - Common Language Bible

5 ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏ အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ကျွန်ုပ်၏ နေ့ ရက် တာ ကို၊ တစ် မိုက် ခန့် မျှ သာ ကမ်း သတ် တော် မူ သည့် အ လျောက်၊ ရှေ့ တော် တွင် အ သက် တာ သည်၊ အ ရေး ယူ ဖွယ် မ ဟုတ် ပါ။ လူ ဟူ သ မျှ တို့ မှာ၊ တည် တံ့ လျက် ပင်၊ အ ခိုး အ ငွေ့ သက် သက် မု ချ ဖြစ် ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကိုယ်တော်​သည် အကျွန်ုပ်​အသက်တာ​၏ နေ့ရက်​များ​ကို လက်တစ်ဝါး​သာ​ရှည်​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​အသက်တာ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တွင် ဘာမျှ​မ​ဟုတ်​သကဲ့သို့​ဖြစ်​ပါ​၏​။ အကယ်စင်စစ် လူ​တိုင်း​သည် မြဲမြံ​စွာ​ရပ်တည်​လျက်​နေ​စဉ်မှာပင် အခိုးအငွေ့​သက်သက်​ဖြစ်​ကြ​ပါ​၏​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 39:5
17 ပူးပေါင်းရင်းမြစ်များ  

လူ​သည်​ထွက်​သက်​ဝင်​သက်​လေ​နှင့်​တူ​ပါ​၏။ သူ​၏​အ​သက်​တာ​သည်​လွန်​သွား​တတ်​သော အ​ရိပ်​နှင့်​တူ​ပါ​၏။


ကျွန်​တော်​မျိုး​၏​အ​သက်​သည်​အ​ဘယ်​မျှ​တို​ကြောင်း အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​သေ​မျိုး​ဖြစ်​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား​ဖန်​ဆင်း​ထား တော်​မူ​သည်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။


လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။


ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။


သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-


ကိုယ်​တော်​ရှင်​သည်​လူ​အား​သူ​၏ အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်​ဆုံး​မ​၍​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ​၏။ သူ​နှစ်​သက်​စွဲ​လန်း​သော​အ​ရာ​တို့​ကို​ပိုး​ဖ​လံ ကဲ့​သို့ ကိုယ်​တော်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ​၏။ အ​ကယ်​စင်​စစ်​လူ​သည်​ထွက်​သက်​ဝင်​သက်​မျှ​သာ ဖြစ်​ပါ​သည်​တ​ကား။


ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။


လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။


အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။


ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-


သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-


သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။-


ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှ တို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ