ဒေသနာကျမ်း။ 9:8 - Common Language Bible8 သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible8 ဦး ခေါင်း တွင် ဆီ မွှေး လိမ်း ကျံ လျက်၊ ဖြူ စင် သော အ ဝတ် ကို အ မြဲ ဝတ် ဆင် လော့။ အခန်းကိုကြည့်ပါ။Judson Bible8 သင့်အဝတ်လည်း၊ အစဉ် ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သင်၏အဝတ်များသည် အစဉ်အမြဲဖြူနေပါစေ။ သင်၏ခေါင်းပေါ်မှနံ့သာဆီကိုလည်း မခန်းခြောက်စေနှင့်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-