သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
ဒေသနာကျမ်း။ 4:1 - Common Language Bible တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။ Garrad Bible တစ် ဖန် တုံ၊ နေ အောက် တွင် ညှဉ်း ပန်း ပြု လုပ် သ မျှ ကို ငါ သိ မြင် ရ သည် မှာ၊ ညှဉ်း ပန်း ခံ ရ သူ တို့ သည် ငို ကြွေး ရ ကြ လျက်၊ နှစ် သိမ့် စေ သူ မ ရှိ။ ညှဉ်း ပန်း သူ တို့ သည် လက် ရုံး ရည် ရှိ လျက် နှင့်၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ Judson Bible တစ်ဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူ မရှိ။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။ |
သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။
ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။
မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။ အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊ မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။
သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-
ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန် အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။ သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။''
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''
သင်တို့ပြုသောအခြားအမှုတစ်ခုရှိ သေး၏။ သင်တို့သည်မိမိတို့ယူဆောင်လာ သည့်ပူဇော်သကာများကိုထာဝရဘုရား လက်ခံတော်မမူသဖြင့်ငိုကြွေးမြည် တမ်းလျက်ကိုယ်တော်၏ယဇ်ပလ္လင်တော်ကို မျက်ရည်တွင်နစ်မြုပ်စေကြ၏။-
တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-
ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။