သုတ္တံကျမ်း။ 29:2 - Common Language Bible2 ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဖြောင့် မတ် သူ တို့ ထွန်း ကား သော ကာ လ၊ ပြည် သူ ပြည် သား တို့ ရွှင် လန်း တတ် ကြ၏။ လူ ဆိုး မင်း မူ သော ကာ လ မူ ကား၊ ညည်း တွား ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဖြောင့်မတ်သောသူတို့တိုးပွားသောအခါ လူတို့သည် ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူအုပ်စိုးသောအခါ၌မူကား လူတို့သည် ညည်းတွားကြ၏။ အခန်းကိုကြည့်ပါ။ |
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။