Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 4:1 - Garrad Bible

1 တစ် ဖန် တုံ၊ နေ အောက် တွင် ညှဉ်း ပန်း ပြု လုပ် သ မျှ ကို ငါ သိ မြင် ရ သည် မှာ၊ ညှဉ်း ပန်း ခံ ရ သူ တို့ သည် ငို ကြွေး ရ ကြ လျက်၊ နှစ် သိမ့် စေ သူ မ ရှိ။ ညှဉ်း ပန်း သူ တို့ သည် လက် ရုံး ရည် ရှိ လျက် နှင့်၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 4:1
51 ပူးပေါင်းရင်းမြစ်များ  

ငါ လည်း သင် တို့ ကဲ့ သို့ ပြော ဆို နိုင်၏။ သင် တို့ စိတ် သည် ငါ့ စိတ် ဖြစ် ခဲ့ မူ၊ သင် တို့ ကို ရည်၍ စ ကား စီ စဉ် လျက် ဦး ခေါင်း လှုပ် ခါ နိုင် လေ ပြီ။


ညှဉ်း ပန်း မှု များ ပြား သည့် အ တွက် နှင့်၊ အ စွမ်း တန် ခိုး ရှိ သူ တို့ လက် ရုံး အ တွက်၊ လူ တို့ တ အော် ဟစ် ကြွေး ရ ကြ သော် လည်း၊


မ တ ရား မ ဖြစ် စေ ရန် အ ထင် ပြောင်း လဲ ကြ လော့။ ငါ့ အ မှု လည်း ဖြောင့် မှန် သည် ဖြစ်၍ ပြောင်း လဲ ကြ ဦး လော့။


မြေ ကြီး ကို လူ ဆိုး တို့ လက် သို့ အပ် နှင်း၍၊ တ ရား မင်း တို့ မျက် နှာ ကို ဖုံး အုပ် တော် မူ၏။ ကိုယ် တော် ပင် မ ဟုတ် ပါ လျှင်၊ မည် သူ ပြု ပါ သ နည်း။


ထာ ဝ ရ ဘု ရား က၊ ဆင်း ရဲ သား တို့ ကို လု ယက် ခြင်း၊ နွမ်း ပါး သူ တို့ ညည်း တွား ခြင်း အ တွက်၊ ယ ခု ငါ ထ၍၊ တောင့် တ ကြ သော လုံ ခြုံ ရာ ၌ ကွယ် ကာ မည် ဟု မိန့် တော် မူ ၏။


ညာ ဘက် သို့ ရှု ကြည့် တော် မူ၍၊ အ ကျွမ်း ဝင် သူ မ ရှိ၊ ခို လှုံ ရာ မဲ့ လျက်၊ အ သက် ကို ကြောင့် ကြ သူ မ ရှိ ကြောင်း၊ သိ မြင် တော် မူ ပါ။


အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ သူ ရှင် တို့ နေ ရာ တွင် အ ကျွန်ုပ် ခို လှုံ ရာ နှင့် ဝေ ပုံ ကား၊ ကိုယ် တော် ပင် တည်း။


သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် ကြ စဉ်၊ ငါ့ မျက် ရည် သည် နေ့ ညဉ့် မ ပြတ် စား သောက် ဖွယ် ဖြစ် ရ လေ စွ။


အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် မေ့ တော် မူ ပါ သ နည်း။ ရန် သူ နှိပ် စက် ခံ ရ၍၊ မှိုင် ကာ မှိုင် ကာ၊ အ ဘယ့် ကြောင့် သွား လာ ရ ပါ သ နည်း ဟု ငါ့ ကျောက် တောင် သ ဖွယ် ဖြစ် တော် မူ သော ဘု ရား သ ခင့် ထံ လျှောက် ထား မည်။


အ ကျွန်ုပ် သည် ကဲ့ ရဲ့ ခြင်း ကြောင့်၊ စိတ် ကြေ မွ လျက် ပူ ဆွေး ပါ၏။ သ နား မည့် သူ ကို ကြည့်၍ မ မြင်။ စာ နာ မည့် သူ ကို ရှာ၍ မ တွေ့ ပါ။


အ ကျွန်ုပ် စား လို သော်၊ ဆေး ခါး ကို ကျွေး လျက်၊ ရေ ငတ် သော်၊ ပုံး ရည် ကို တိုက် ကြ ပါ၏။


ကိုယ် တော် သည် မျက် ရည် မုန့် ကျွေး ခြင်း၊ မျက် ရည် များ စွာ တိုက် ခြင်း ပြု လျက်၊


ဟေ ဗြဲ မိန်း မ တို့ သား ဖွား ရာ၌ သင် တို့ ကြည့် ရှု မ စ သော အ ခါ ယောက်ျား ဖြစ် လျှင် သတ် စေ၊ မိန်း မ ဖြစ် လျှင် အ ရှင် ထား စေ ဟု အ မိန့် ရှိ ရာ၊


ထို အ ခါ ဖာ ရော မင်း က၊ ဖွား သော သား ယောက်ျား တိုင်း ကို နိ လ မြစ် ထဲ သို့ ပစ် ချ စေ။ သား မိန်း မ တိုင်း ကို ကား၊ အ ရှင် ထား စေ ဟု ပြည် သူ ခပ် သိမ်း တို့ အား အ မိန့် ထုတ် လေ ၏။


နွမ်း ပါး သော သူ့ ကို၊ ညီ အစ် ကို ရှိ သ မျှ တို့ ပင် မုန်း ထား သည် မှန် လျှင်၊ အ ဆွေ များ လည်း၊ ဝေး ကွာ စွာ နေ ထိုင် လိမ့် မည်။ သူ လိုက် ခေါ် သော် လည်း၊ မ လာ ကြ။


နွမ်း ပါး သူ တို့ ကို၊ ညှဉ်း ပန်း သော သူ ဆင်း ရဲ သည်၊ အ စာ ခေါင်း ပါး လောက် အောင်၊ ရွာ သော ကပ် မိုး နှင့် တူ ၏။


ဖြောင့် မတ် သူ တို့ ထွန်း ကား သော ကာ လ၊ ပြည် သူ ပြည် သား တို့ ရွှင် လန်း တတ် ကြ၏။ လူ ဆိုး မင်း မူ သော ကာ လ မူ ကား၊ ညည်း တွား ရ ကြ၏။


၎င်း ပြင်၊ နေ အောက် တွင် တ ရား ဆုံး ဖြတ် ရာ ဒေ သ နှင့် ဖြောင့် မတ် ရာ ဒေ သ များ၌၊ ဆိုး သွမ်း ခြင်း တည် သည် ကို သိ မြင် ၍၊


ပြည် နိုင် ငံ တွင် ဆင်း ရဲ သား တို့ ကို ညှဉ်း ပန်း ခြင်း၊ မ တ ရား သ ဖြင့် စီ ရင် ခြင်း၊ တ ရား လွှဲ ဖယ် ခြင်း များ ကို မြင် လျှင်၊ အံ့ အား မ သင့် နှင့်။ အ ကြီး အ ကဲ တို့ အ ပေါ် တွင် မင်း များ ရှိ ကြ သည့် ပြင်၊ ကြည့် ရှု သော အ ရှင် တစ် ပါး ရှိ သေး၏။


ညှဉ်း ပန်း ခြင်း အား ဖြင့်၊ ပ ညာ ရှိ တို့ ရူး သွပ် ရာ​ရောက် သည့် နည်း တူ၊ လက် ဆောင် ပ ဏ္ဏာ ဖြင့် လည်း၊ ဉာဏ် ပ ညာ ပျက် ယွင်း စေ တတ် ၏။


တစ် ယောက် သည် တစ် ယောက် ကို အ ကျိုး ပျက် စေ ရန်၊ စိုး ပိုင် ခွင့် အ ချိန် ကာ လ၌ ပင်၊ နေ အောက် တွင် ပြု လုပ် သ မျှ ကို နှ လုံး သွင်း ၍၊ ဤ အ ခြင်း အ ရာ ခပ် သိမ်း ကို ငါ သိ မြင်၏။


အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ လူ မျိုး တို့ သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စ ပျစ် ဥ ယျာဉ် နှင့် နှစ် သက် ဖွယ် ပျိုး ပင် ဖြစ် ကြ လျက်၊ တ ရား စောင့် ကြ မည် ဟု အောက် မေ့ တော် မူ ရာ သတ် ဖြတ် ခြင်း၊ ဖြောင့် မတ် ကြ မည် ဟု အောက် မေ့ တော် မူ ရာ အော် ဟစ် အောင် ပြု ခြင်း ဖြစ် ပါ သည် တ ကား။


သူ တို့ ခြေ များ သည် အ ဆိုး သို့ ပြေး လိုက်၍ အ ပြစ် ကင်း သူ တို့ အ သွေး ကို သွန်း ရန် လျင် မြန်၏။ သူ တို့၏ အ ကြံ အ စည် များ သည်၊ မ တ ရား သော အ ကြံ အ စည် ဖြစ် လျက်၊ လိုက် သော လမ်း တွင် ဆိတ် ညံ ပျက် စီး ရာ ကို ထား ခဲ့ လေ့ ရှိ ကြ ၏။


အ သု ဘ ပွဲ လုပ် ၍ အ လွမ်း ဆွတ် ပြေ စေ ရန် မုန့် ကျွေး ခြင်း၊ မိ ဘ ကွယ် လွန် သော် လည်း နှစ် သိမ့် စေ သော အ ရည် တိုက် ခြင်း များ ကို လည်း‌ ကောင်း၊ သူ သေ တို့ အ တွက် မ ပြု ရ ကြ။


ထို အ ဖြစ် အ ပျက် များ ကြောင့်၊ ငါ သည် ငို ကြွေး လျက်၊ စိတ် ချမ်း သာ အောင် နှစ် သိမ့် စေ သူ ကင်း ဝေး သော ကြောင့်၊ မျက် ရည် ကျ လျက် နေ ၏။ ရန် သူ တို့ အောင် မြင် သ ဖြင့်၊ မြို့ သူ မြို့ သား တို့ အံ့ အား သင့် ကြ ၏။


ဇိ အုန် မြို့ သည် လက် အုပ် ချီ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ ယာ ကုပ် လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘုရား သည် ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ရန် မူ ကြ စေ ခြင်း ငှာ၊ မိန့် တော် မူ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ညစ် ညူး ဖွယ် ထင် မှတ် ကြ ၏။


ထို မြို့ တော် သည်၊ ညဉ့် အ ခါ ငို ကြွေး လျက်၊ ပါး ပြင် သို့ မျက် ရည် ကျ လေ စွ။ မ ဟာ မိတ် တို့ အ နက်၊ နှစ် သိမ့် စေ သူ မ ရှိ။ အ ပေါင်း အ ဖော် ဟူ သ မျှ တို့ သည်၊ သ စ္စာ ပျက်၍ ရန် မူ ကြ သည် တ ကား။


ထ မီ ညစ် နွမ်း သော ထို မြို့ သည်၊ အ ကျိုး အ ပြစ် ကို မ မြော် မြင် သည် နှင့် အ ညီ၊ နှစ် သိမ့် စေ သူ မဲ့ လျက်၊ အံ့ ဖွယ် သ ရဲ လဲ ကျ သည့် အ လျောက်၊ အို ထာ ဝ ရ ဘု ရား၊ ရန် သူ မောက် ကြွား သည့် အ တွက် အ ကျွန်ုပ်၏ ဒု က္ခ ကို ရှု ကြည့် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။


ကိုယ့် ဘုံ ဗိ မာန် များ ၌ သောင်း ကျန်း မှု၊ အ ဓ မ္မ မှု ကို သို ထား သော သူ တို့ သည်၊ ဖြောင့် မတ် စွာ ပြု ရန် မ တတ် စွမ်း ကြ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။


အာ ဇုတ် မြို့ ရှိ ဘုံ ဗိ မာန် များ၌ လည်း ကောင်း၊ အိ ဂျစ် ပြည် ရှိ နန်း ဆောင် များ ၌ လည်း ကောင်း၊ ကြော် ငြာ လျက်၊ ရှမာ ရိ တောင် တန်း ပေါ်၌ စု ရုံး ပြီး လျှင်၊ မြို့ အ တွင်း တွင် များ ပြား သော ဖီ ဆန် သောင်း ကျန်း မှု ကို၊ ရှု ကြည့် ကြ ဟု ဆင့် ဆို လော့။


၎င်း ပြင်၊ သင် တို့ အ လှူ များ ကို ထာ ဝ ရ ဘု ရား အာ ရုံ မ ပြု၊ နှစ် သက် လက် ခံ တော် မ မူ သည့် တိုင် အောင်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို၊ မျက် ရည် ကျ ခြင်း၊ ငို ကြွေး ခြင်း၊ မြည် တမ်း ခြင်း များ ဖြင့်၊ သင် တို့ ဖုံး လွှမ်း ကြ ရှာ လေ စွ။


သူ တော် ကောင်း နှင့် မ သူ တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင် အား ဝတ် ပြု သူ နှင့် မ ပြု သူ့ ကိုလည်း ကောင်း၊ သင် တို့ စိတ် ပြောင်း၍ ပိုင်း ခြား သိ မြင် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။


ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် တ ရား စီ ရန် ချဉ်း လာ လျက်၊ ငါ့ ကို မ ခန့် ညား ဘဲ စုန်း တတ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ မု သာ ကျိန် ဆို သူ၊ သူ ရင်း ခ မ ပေး သူ၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ကို ညှဉ်း ပန်း သူ၊ ဝင် နေ ကပ် ပါး ကို အ လွဲ စီ ရင် သူ တို့ တစ် ဘက်၌၊ အ လျင် အ မြန် သက် သေ ခံ မည်။


ယ ခု ဖြစ် ပျက် ရ သော အ ချင်း အ ရာ ခပ် သိမ်း မှာ ပ ရော ဖက် တို့ ကျမ်း ချက် များ ပြည့် စုံ စေ ခြင်း ငှာ တည်း ဟု မိန့် တော် မူ၏။ ထို နောက် တ ပည့် တော် တို့ ရှိ သ မျှ တို့ သည် ကိုယ် တော် ကို စွန့် ပစ်၍ ထွက် ပြေး ကြ၏။


မြေ အ သီး အ နှံ နှင့် ချွေး နှဲ စာ ဟူ သ မျှ ကို သင် တို့ မ သိ ဘူး သော လူ မျိုး ခြား စား မျို ကြ သည့် အ ခိုက်၊ သင် တို့ သည် တစ် သက် ပတ် လုံး အ ညှဉ်း အ ပန်း အ နှိပ် အ စက် ခံ ရ လျက်၊


သံ ထမ်း ပိုး တင် သည့် အ တိုင်း၊ သင် တို့ ကို ပယ် ရှား တော် မ မူ မ ချင်း၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ မည့် ရန် သူ တို့ အ မှု ကို မွတ် သိပ် ရေ ငတ် လျက်၊ အ ဝတ် မှ စ သော အ ရာ ရာ မဲ့ လျက် ထမ်း ရ ကြ လ တ္တံ့။


သင် တို့ လယ် များ ကို ရိတ် သူ တို့ မ ရ သော အ ခ သည် ကြွေး ကြော် သည့် အ လျောက် ရိတ် သိမ်း သူ တို့ ဟစ် သံ များ လည်း ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နား တော် သို့ ဝင် ရောက် လေ ပြီ တ ကား။


ထို မင်း တွင် သံ ဖြင့် ပြီး သော စစ် ရ ထား ကိုး ရာ ရှိ လျက် အ နှစ် နှစ် ဆယ် ပတ် လုံး၊ ဣ သ ရေ လ အ မျိုး သား တို့ ကို ပြင်း စွာ နှိပ် စက် သော ကြောင့် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ ကုန် ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ