ဆာလံ 42:3 - Common Language Bible3 ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် ကြ စဉ်၊ ငါ့ မျက် ရည် သည် နေ့ ညဉ့် မ ပြတ် စား သောက် ဖွယ် ဖြစ် ရ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible3 သူတစ်ပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညမပြတ် ငါစားစရာဖြစ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။