အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
ထွက်မြောက် 15:20 - Common Language Bible အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။- Garrad Bible အာ ရုန်၏ အစ် မ ဖြစ် သော ပ ရော ဖက် မ မိ ရိ အံ သည် ပတ် သာ ကို ကိုင်၍ မိန်း မ အ ပေါင်း တို့ လည်း ပတ် သာ တီး လျက်၊ က ခုန် လျက်၊ လိုက် သွား ကြ စဉ်၊ Judson Bible အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက်လိုက်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။ |
အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။
ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
ဘုရားရှင်အမိန့်တော်ရှိ၍အမျိုးသမီး အမြောက်အမြားသည် ``ရှင်ဘုရင်များနှင့်သူတို့၏စစ်သည်ဗိုလ်ခြေ တို့သည် ဆုတ်ပြေးကြလေပြီ'' ဟုသတင်းလွှင့်ကြ၏။ အမျိုးသမီးတို့သည်မိမိတို့အိမ်များတွင် လက်ရပစ္စည်းများကိုခွဲဝေကြ၏။
သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။
သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
ထိုသားငယ်၏အစ်မသည်မလှမ်းမကမ်းနေ ရာမှ ကလေး၏အရိပ်အခြေကိုစောင့်ကြည့် နေလေ၏။
ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။
သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
မောရှေသည်မိဒျန်အမျိုးသမီးတစ်ဦး နှင့်စုံဖက်သဖြင့် မိရိအံနှင့်အာရုန်တို့ ကသူ့အားအပြစ်တင်ကြလေသည်။-
သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။-
သူ့မှာအိမ်ထောင်မကျသေးသောသမီးလေး ယောက်ရှိ၏။ ထိုသမီးတို့သည်ဘုရားသခင် ၏တရားတော်ကိုဟောပြောကြေညာသူ များဖြစ်ကြ၏။-
မိန်းမသည်စုဝေးဝတ်ပြုခြင်းတွင်မိမိ၏ဦး ခေါင်းကိုမဖုံးမအုပ်ဘဲဆုတောင်းပတ္ထနာပြု သော်လည်းကောင်း၊ တရားတော်ကိုကြေညာ သော်လည်းကောင်း မိမိခင်ပွန်း၏အသရေကို ရှုတ်ချသူဖြစ်၏။ သူသည်ခေါင်းတုံးရိတ်ထား သည့်အမျိုးသမီးနှင့်မထူးခြားတော့ချေ။-
အမျိုးသမီးများသည်အစည်းအဝေးများတွင် ဆိတ်ဆိတ်နေကြစေ။ သူတို့မှာစကားပြောပိုင်ခွင့် မရှိ။ ယုဒပညတ်ကျမ်းတွင်ဖော်ပြသည့်အတိုင်း အမျိုးသမီးတို့သည်အစည်းအဝေးများတွင် ခေါင်းဆောင်များမဖြစ်စေရ။-
ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-
စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-