မိက္ခာ 6:4 - Common Language Bible4 ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ငါ သည် သင့် ကို ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ရွေး နုတ် ခေါ် ဆောင် လျက်၊ မော ရှေ၊ အာ ရုန်၊ မိ ရိ အံ တို့ ကို ရှေ့ တည်၍ သွား စေ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible4 သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။ အခန်းကိုကြည့်ပါ။ |
အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။