Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:34 - Common Language Bible

34 ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့​နေ​အိမ်​သို့​ပြန်​လာ သော​အ​ခါ သ​မီး​ဖြစ်​သူ​သည်​ပတ်​သာ​ကို​တီး ၍​က​ခုန်​လျက် သူ့​အား​ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​လာ​၏။ သူ​သည်​ကား​တစ်​ဦး​တည်း​သော သ​မီး​ဖြစ်​သတည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 မိ ဇ ပါ မြို့ ရှိ နေ အိမ် သို့ ယေ ဖ သ ပြန် ရောက် ရာ ဧ က ဓီ တ ဖြစ် သော သ မီး သည် ပတ် သာ တီး ခြင်း၊ က ခုန် ခြင်း ပြု လျက် ကြို ဆို ရန် ထွက် လာ၏။ သူ မှ တစ် ပါး သား သ မီး မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ယေဖသ​သည် မိဇပါ​မြို့​ရှိ မိမိ​အိမ်​သို့​ပြန်လာ​သောအခါ သူ​၏​သမီး​သည် သူ့​ကို​ကြိုဆို​ရန် ပတ်သာ​တီး​လျက်​၊ ကခုန်​လျက် ထွက်လာ​လေ​၏​။ သူ​သည် တစ်ဦးတည်း​သော​သမီး​ဖြစ်​၏​။ ထို​သမီး​မှလွဲ၍ သူ​၌ အခြား​သော​သား​သမီး မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:34
18 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ပိတ်​စ​တစ်​ခု​ကို​သာ​ဝတ်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် အ​စွမ်း​ကုန်​က​ခုန်​လေ​၏။-


ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။


သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။


အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-


ထို​အ​ခါ​သ​မီး​က​ညာ​တို့​သည်​ပျော်​ရွှင်​ဝမ်း မြောက်​စွာ က​ခုန်​ကြ​လိမ့်​မည်။ လူ​အို​လူ​ပျို​များ​သည်​လည်း​အား​ရ ရွှင်​မြူး​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​နှစ်​သိမ့်​စေ​၍​သူ​တို့​ငို ကြွေး​ခြင်း​ကို ပျော်​ရွှင်​ခြင်း​အ​ဖြစ်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဝမ်း​နည်း​ခြင်း​ကို နှစ်​သိမ့်​ခြင်း​နှင့်​ဝမ်း​မြောက်​ခြင်း​အ​ဖြစ်​သို့​လည်း ကောင်း ပြောင်း​လဲ​စေ​မည်။


သင်​တို့​အား​တစ်​ဖန်​ငါ​ပြန်​လည်​ထူ​ထောင်​ပေး မည်။ သင်​တို့​သည်​ပတ်​သာ​များ​ကို​တစ်​ဖန်​တီး မှုတ်​၍ ပျော်​ရွှင်​စွာ​က​ခုန်​ရ​ကြ​လိမ့်​မည်။-


``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-


မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။-


ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-


ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။-


ထို​အ​ခါ​၌​အမ္မုန်​တပ်မ​တော်​သည်​စစ်​ပွဲ​ဝင် ရန်​အ​သင့်​ပြင်​လျက် ဂိ​လဒ်​ပြည်​တွင်​စ​ခန်း ချ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​စု​ရုံး​၍ ဂိ​လဒ်​ပြည်​မိ​ဇ​ပါ​မြို့​၌​တပ် ချ​ကြ​၏။-


ထို့​ကြောင့်​ယေ​ဖ​သ​သည်​ဂိ​လဒ်​ပြည်​ခေါင်း​ဆောင် များ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။ လူ​တို့​သည် လည်း​သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ခေါင်း​ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ချီး​မြှောက်​ကြ​၏။ ယေ​ဖ​သ​သည်​မိ​ဇ​ပါ​မြို့ ၌​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် မိ မိ​တောင်း​ဆို​ချက်​များ​ကို​ပြန်​လည်​ဖော် ပြ​လျှောက်​ထား​၏။


မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-


စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ