Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 150:4 - Common Language Bible

4 ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ပတ် သာ တီး လျက် က ခုန် လျက် ချီး မွမ်း ကြ လော့။ ကြိုး တပ် တူ ရိ ယာ မျိုး များ ကို တီး ၍၊ နှဲ ခ ရာ မှုတ် လျက် ချီး မွမ်း ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ပတ်သာတီး​လျက်​၊ ကခုန်​လျက် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ကြိုးတပ်​တူရိယာ​များ​တီး​လျက်​၊ ပလွေ​များ​မှုတ်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 150:4
10 ပူးပေါင်းရင်းမြစ်များ  

သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။


ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​၏​ဘု​ရင်​ကို အ​ကြောင်း​ပြု​၍​ရွှင်​မြူး​ကြ​လော့။ က​ခုန်​လျက်​ကိုယ်​တော်​၏​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ ပတ်​သာ​နှင့်​စောင်း​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။


စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။


အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။


အာ​ရုန်​၏​အစ်​မ​ဖြစ်​သူ​ပ​ရော​ဖက်​မ​မိ​ရိ​အံ သည် ပတ်​သာ​ဗုံ​ကို​ကိုင်​၍​တီး​လေ​၏။ အ​ခြား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​က​လည်း​ပတ်​သာ ဗုံ​ကို​တီး​၍ သူ​၏​နောက်​မှ​က​လျက်​လိုက် ကြ​၏။-


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ