ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ဆာလံ 97:3 - Common Language Bible မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။ Garrad Bible ရှေ့ တော် က မီး ထွက် ၍၊ ဝန်း ဝိုင်း သော ရန် သူ တော် တို့ ကို ကျွမ်း လောင် ၏။ Judson Bible မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့်လှည့် လောင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မီးသည် ကိုယ်တော်၏ရှေ့မှသွား၍ ကိုယ်တော်၏ရန်သူတို့ကို လှည့်ပတ်လောင်ကျွမ်း၏။ |
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
``သင်တို့သည်မည်းမှောင်၍ထူထပ်သောတိမ် ဖုံးလျက် မိုးကောင်းကင်သို့တိုင်အောင် မီးလျှံ တက်နေသည့်တောင်ခြေရင်းသို့ချဉ်းကပ်၍ ရပ်နေကြကြောင်းကိုလည်းကောင်း၊-
ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။
တစ်စုံတစ်ယောက်သောသူသည်ထိုသက်သေ ခံနှစ်ပါးအားအန္တရာယ်ပြုလျှင် သူတို့၏ခံ တွင်းမှမီးလျှံများထွက်၍ထိုသူ့ကိုကျွမ်း လောင်စေလေသည်။ သူတို့အားအန္တရာယ်ပြု ကြရန်ကြိုးစားသူမှန်သမျှပင် ဤနည်း အတိုင်းသေကြရမည်သာဖြစ်၏။-
(ထိုမီးအိုင်ကားဒုတိယသေခြင်းတည်း။) အသက် စာစောင်တွင်စာရင်းမဝင်သူရှိသမျှတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရကြ၏။