Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 97:2 - Common Language Bible

2 မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 မိုး တိမ် များ နှင့် မှောင် အ တိ ခြံ ရံ လျက်၊ ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည် ပ လ္လင် တော် တည် ရာ ဖြစ် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 မိုးတိမ်​နှင့်​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​၏​။ ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 97:2
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-


ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။


တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။ အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။


ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။


ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွယ်​တ​ကူ အ​မျက်​ထွက်​တော်​မ​မူ​တတ်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​တန်​ခိုး​ကြီး တော်​မူ​၍၊ အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ အ​ဘယ်​အ​ခါ​၌​မျှ​ထား​တော်​မ​မူ​ပါ။ ကိုယ်​တော်​လျှောက်​သွား​ရာ​အ​ရပ်​တို့​၌ လေ​မုန်​တိုင်း​များ​ကျ​ရောက်​တတ်​၏။ မိုး​တိမ်​များ​ကား​ကိုယ်​တော်​၏​ရွှေ​စက်​တော် အောက်​မှ ထ​သည့်​မြေ​မှုန့်​များ​ပင်​တည်း။


ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။


သို့​ရာ​တွင်​လူ​တို့​သည်​အ​ဝေး​၌​သာ​ရပ်​နေ ကြ​၏။ မော​ရှေ​က​သာ​လျှင်​ဘု​ရား​သ​ခင်​ရှိ တော်​မူ​ရာ မည်း​မှောင်​သော​တိမ်​တိုက်​အ​နီး​သို့ ချဉ်း​ကပ်​လေ​၏။


ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။


မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။


သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် ဝတ်​ပြု​သော၊ ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​အ​လင်း​တွင် ကျင်​လည်​သော​သူ​တို့​သည်​အ​လွန်​မင်္ဂလာ ရှိ​ပါ​သည်​တ​ကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ