Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 5:4 - Common Language Bible

4 ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​ပေါ်​တွင်​မီး​ထဲ မှ သင်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍​မိန့်​မြွက် တော်​မူ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-5 မီး တော် ကြောင့် တောင် ပေါ် သို့ မ တက် ဝံ့ ကြ သည့် အ တွက်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ပြန် ကြား အံ့ သော ငှါ၊ သင် တို့ နှင့် ထာ ဝ ရ ဘု ရား စပ် ကြား တွင် ငါ ရပ် တန့် ခိုက်၊ တောင် ပေါ် တွင် မီး အ လယ် မှ ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် တွေ့ ဆိုင် ၍၊ ဗျာ ဒိတ် ပေး တော် မူ သည် ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထာဝရဘုရား​သည် တောင်​ပေါ်၌ သင်​တို့​နှင့် မီး​ထဲ​မှ​မျက်နှာချင်းဆိုင် မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 5:4
14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-


ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။


မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။


သို့​ဖြစ်​၍​ငါ​သည်​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​၍ ရှင်း​လင်း​ပြတ်​သား​စွာ​စ​ကား​ပြော​ဆို​၏။ စ​ကား​ဝှက်​ဖြင့်​ပြော​ဆို​လေ့​မ​ရှိ။ သူ​သည် ငါ​၏​ပုံ​သဏ္ဌာန်​တော်​ကို​ပင်​ဖူး​တွေ့​ခဲ့​ရ​၏။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​မော​ရှေ​ကို အ​ဘယ်​ကြောင့်​အ​ပြစ်​တင်​ပြော​ဆို​ဝံ့ သ​နည်း'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-


သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပုံ​သဏ္ဌာန် တော်​ကို​မ​မြင်​ရ​သော်​လည်း မီး​ထဲ​မှ​ကိုယ် တော်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​ကြ​ကြောင်း ကို​လည်း​ကောင်း သား​သ​မီး​တို့​အား​ပြော ပြ​လော့။-


``ထာ​ဝ​ရ​ဘု​ရား​သည်​သိနာ​တောင်​ပေါ်​တွင် မီး​ထဲ​က​သင်​တို့​အား​မိန့်​မြွက်​တော်​မူ​သော အ​ခါ​၌ သင်​တို့​သည်​ကိုယ်​တော်​၏​ပုံ​သဏ္ဌာန် တော်​ကို​လုံး​ဝ​မ​မြင်​ရ​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ​သဏ္ဌာန်၊ တိရစ္ဆာန်​သို့​မ​ဟုတ်​ငှက်​သဏ္ဌာန်၊ တွား​တတ်​သော သတ္တဝါ​သို့​မ​ဟုတ်​ငါး​သဏ္ဌာန်​နှင့်​တူ​သော ရုပ်​တု​ကို​ထု​လုပ်​၍​အ​ပြစ်​မ​ပြု​မိ​စေ ရန်​အ​ထူး​သ​တိ​ပြု​ကြ​လော့။-


မီး​ထဲ​မှ​ဘု​ရား​မိန့်​တော်​မူ​သံ​ကို​သင်​တို့ ကြား​သ​ကဲ့​သို့​သူ​တို့​ကြား​၍ အ​သက်​ချမ်း သာ​ရ​ခဲ့​ဖူး​သော​အ​ခြား​လူ​မျိုး​ရှိ​ပါ သ​လော။-


ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-


``ထာ​ဝ​ရ​ဘု​ရား​သည်​တောင်​အ​နီး​သို့​စု​ရုံး လာ​သော​သင်​တို့​အ​ပေါင်း​အား ဤ​ပ​ညတ်​တော် များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​မီး​နှင့်​မှောင်​မည်း​သော​မိုး​တိမ်​ထဲ​မှ​ကျယ် သော​အ​သံ​တော်​ဖြင့် ဤ​ပညတ်​တော်​များ​ကို​မိန့် မြွက်​တော်​မူ​၏။ ထပ်​၍​မိန့်​မြွက်​တော်​မ​မူ။ ထို့ နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ပညတ်​တော်​များ ကို​ကျောက်​ပြား​နှစ်​ချပ်​ပေါ်​တွင်​ရေး​၍​ငါ့ အား​ပေး​အပ်​တော်​မူ​သည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ