ဆာလံ 18:9 - Common Language Bible9 ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ကိုယ် တော် သည်၊ ကောင်း ကင် ကို ညွှတ် စေ ၍၊ ကြွ ဆင်း တော် မူ ရာ၊ ခြေ ဖ ဝါး တော် အောက် ၌ အ မိုက် တိုက် ကျ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်သည် မိုးကောင်းကင်ကို ညွတ်စေ၍ ကြွဆင်းတော်မူ၏။ အမှောင်ထုသည် ခြေတော်အောက်၌ရှိ၏။ အခန်းကိုကြည့်ပါ။ |
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။