Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 50:3 - Common Language Bible

3 ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ငါ တို့ ဘု ရား သ ခင် ကြွ လာ ၍၊ ဆိတ် ဆိတ် နေ တော် မူ မည် မ ဟုတ်။ ရှေ့ တော် ၌၊ မီး ကျွမ်း လောင် လျက်၊ ပတ် လည် တော် ၌၊ မိုး သက် မုန် တိုင်း သည်း ထန် လျက် ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​တို့​၏​ဘုရားသခင်​သည် ကြွလာ​တော်မူ​မည်​။ ကိုယ်တော်​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ဝါးမျို​တတ်​သော​မီး​ရှိ​၍ ကိုယ်တော်​၏​ပတ်လည်​၌ ပြင်းထန်​သော​မုန်တိုင်း​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 50:3
28 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။


ငါ​တို့​၏​ဘု​ရား​သည်​ကယ်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကား​ထာ​ဝ​ရ​ဘု​ရား၊ ငါ​တို့​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​သော ငါ​တို့​၏​ဘု​ရား​ရှင်​ဖြစ်​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-


စိတ်​ပျက်​အား​လျော့​၍​နေ​သူ​အ​ပေါင်း​တို့​အား ``ကြံ့​ခိုင်​မှု​ရှိ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​ဆယ်​ရန် ကြွ​လာ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​ရန်​သူ​များ​အား​လည်း လက်​စား​ချေ​တော်​မူ​လိမ့်​မည်'' ဟု ပြော​ကြား​ကြ​လော့။


ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-


ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။


ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။-


အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။


လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။


သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ရှေ့​က​အ​ရှိန်​ပြင်း​သော လောင်​မီး​ကဲ့​သို့​ကြွ​သွား​တော်​မူ​သည်​ကို သင် တို့​ကိုယ်​တိုင်​ယ​ခု​မြင်​ရ​မည်။ သင်​တို့​ချီ​တက် နေ​စဉ်​ကိုယ်​တော်​သည်​သူ​တို့​ကို​နှိမ်​နင်း​သ​ဖြင့် က​တိ​တော်​နှင့်​အ​ညီ​သင်​တို့​သည်​ထို​သူ​တို့ ကို​နှင်​ထုတ်​၍​လျင်​မြန်​စွာ​ပယ်​ရှင်း​နိုင်​လိမ့် မည်။''


အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။


ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-


ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သက်​သေ​ခံ​တော်​မူ သော​အ​ရှင်​က``မု​ချ​မ​ကြာ​မီ​ငါ​ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ သော။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ