Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 50:4 - Common Language Bible

4 မိ​မိ​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ သည်​ကို ကြည့်​ရှု​ကြ​ရန် ကိုယ်​တော်​သည်​သက်​သေ​များ​အ​ဖြစ် မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဆင့်​ခေါ် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် ခြင်း အ လို့ ငှာ၊ အ ထက် ကောင်း ကင် သို့ လည်း ကောင်း၊ မြေ ကြီး သို့ လည်း ကောင်း၊ ခေါ် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မိ​မိ​လူ​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ အ​ထက်​ကောင်း​ကင်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို​လည်း​ကောင်း ခေါ်​တော်​မူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို စစ်ကြောစီရင်​ရန် အထက်​ကောင်းကင်​နှင့် ကမ္ဘာမြေကြီး​ကို​ဆင့်ခေါ်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 50:4
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``အို ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​တို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ကို​နား​ထောင်​ကြ​လော့။ ငါ​ကျွေး​မွေး​ပြု​စု​ထား​သည့်​သား​သ​မီး​များ​သည်​ငါ့​အား​ပုန်​ကန်​ကြ​လေ​ပြီ။-


``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။


ငါ​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ကြား​နိုင်​ရန် သင်​တို့​အ​နွယ်​ဝင်​များ​၏​ခေါင်း ဆောင်​တို့​နှင့်​အ​ရာ​ရှိ​အပေါင်း​တို့​ကို​စု​ရုံး စေ​လော့။ ငါ​သည်​ကောင်း​ကင်​နှင့်​မြေ​ကြီး ကို​တိုင်​တည်​၍ သူ​တို့​အား​ပြော​ကြား​မည်။-


ထို​သို့​မှား​ယွင်း​လျှင်​သင်​တို့​အ​မျိုး​သည် ထို ပြည်​မှ​မ​ကြာ​မီ​တိမ်​ကော​ပျောက်​ကွယ်​ရ လိမ့်​မည်​ဟု ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​၏။ သင်​တို့ သည်​ယော်ဒန်​မြစ်​ကို​ကူး​၍​သိမ်း​ပိုက်​မည့်​ပြည် တွင် ကြာ​ရှည်​စွာ​မ​နေ​ထိုင်​ရ​ဘဲ​တစ်​မျိုး လုံး​ပျက်​စီး​ပျောက်​ကွယ်​သွား​လိမ့်​မည်။-


ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။-


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။


ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။


ကိုယ်​တော်​သည်​သင်​တို့​အား​သွန်​သင်​ရန် မိုး ကောင်း​ကင်​မှ​မိန့်​တော်​မူ​သော​အ​သံ​တော်​ကို ကြား​စေ​တော်​မူ​ပြီ။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် သင်​တို့​သည် ကိုယ်​တော်​၏​မီး​တောက်​မီး​လျှံ ကို​မြင်​စေ​လျက် ထို​မီး​ထဲ​မှ​သင်​တို့​အား မိန့်​ကြား​တော်​မူ​၏။-


``သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အား တစ်​ဖန်​တ​ရား​စွပ်​စွဲ​မည်။ သူ​တို့​၏​သား​မြေး​များ​အား​လည်း စွပ်​စွဲ​ချက်​တင်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ