မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ကမ္ဘာဦး 47:27 - Common Language Bible ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။- Garrad Bible ဣ သ ရေ လ လူ တို့ မူ ကား အိ ဂျစ် ပြည် ဂေါ ရှင် နယ် တွင် နေ ထိုင် လျက် အ ပိုင် ရ ၍ များ ပြား စွာ တိုး ပွား ကြ ၏။ Judson Bible ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်၊ ဂေါရှင်အရပ်၌ နေထိုင်လေ၏။ ထိုပြည်၌ သူတို့သည် ကြီးပွားချမ်းသာ၍ အလွန်တိုးပွားများပြားလာကြ၏။ |
မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။
တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။-
မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။-
ကိုယ်တော်သည်သူတို့အား ကောင်းကင်ကြယ်များကဲ့သို့များပြားသည့် သားသမီးများကိုပေးသနားတော်မူပါ၏။ ထိုနောက်သူတို့ဘိုးဘေးများအား ကိုယ်တော်ကတိထားတော်မူသောပြည်တော်ကို သိမ်းပိုက်စေကာထိုပြည်တွင်နေထိုင်စေတော် မူပါ၏။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။-
သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-