| ကမ္ဘာဦး 47:11 - Common Language Bible11 ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-အခန်းကိုကြည့်ပါ။ Garrad Bible11 ဖာ ရော မင်း အ မိန့် တော် အ တိုင်း ယော သပ် သည် အ ဘ နှင့် ညီ အစ် ကို တို့ ကို နေ ရာ ချ ၍ အိ ဂျစ် ပြည် တွင် အကောင်း ဆုံး သော အ ရပ်၊ ရာ မ သက် နယ် တွင် အ ပိုင် ပေး သည့် ပြင်၊အခန်းကိုကြည့်ပါ။ Judson Bible11 ဖာရောမင်းအမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့်အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း11 ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။အခန်းကိုကြည့်ပါ။ | 
သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။