ဇာခရိ 10:8 - Common Language Bible8 ``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို သူ တို့ ကို၊ ငါ ရွေး နုတ် ပြီး သည့် အ လျောက်၊ လေ ချွန်၍ ခေါ် သိမ်း သ ဖြင့်၊ အ ထက် နည်း တူ တိုး ပွား ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြားသကဲ့သို့ တစ်ဖန် များပြားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ငါသည် သူတို့ကို လေချွန်ပြီး ခေါ်ယူစုသိမ်းမည်။ သူတို့ကို အမှန်ပင် ရွေးနုတ်ကယ်တင်မည်။ ယခင်က တိုးပွားခဲ့သည့်အတိုင်း ဆက်လက်တိုးပွားစေမည်။ အခန်းကိုကြည့်ပါ။ |
``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-