နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။-
ကမ္ဘာဦး 20:2 - Common Language Bible သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။- Garrad Bible ထို အ ခါ မ ယား စာ ရာ နှင့် စပ်၍ ငါ့ နှ မ ဖြစ် သည် ဟု ပြော လေ့ ရှိ သော ကြောင့် ဂေ ရာ မင်း အ ဘိ မ လက် သည် လူ လွှတ်၍ စာ ရာ ကို ခေါ် ဆောင် လေ ၏။ Judson Bible ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတစ်ပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံက မိမိမယားစာရာနှင့်ပတ်သက်၍ “သူသည် ငါ၏နှမဖြစ်သည်”ဟု ဆိုသဖြင့် ဂေရာဘုရင်အဘိမလက်မင်းကြီးသည် လူလွှတ်၍ စာရာကိုသိမ်းယူလေ၏။ |
နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။-
စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။-
ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။-
ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။-
ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။
တိုင်းပြည်တွင်ဖြစ်ပွားခဲ့သောအံ့ဖွယ်အမှု ကိုစုံစမ်းရန်ဗာဗုလုန်သံတမန်များလာ ရောက်ချိန်၌ပင်လျှင် ဘုရားသခင်သည်ဟေ ဇကိ၏သဘောကိုစမ်းသပ်သိရှိနိုင်ရန်သူ ပြုလိုသည့်အတိုင်းပြုနိုင်ခွင့်ကိုပေးတော် မူ၏။
ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-
တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊-