ကမ္ဘာဦး 20:12 - Common Language Bible12 စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ၎င်း ပြင် သူ သည် အ ဘ တူ၊ အ မိ ကွဲ နှ မ မှန် ပါ၏။ ကျွန် တော့် မ ယား လည်း ဖြစ် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-
ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-