ဧဖက် 4:25 - Common Language Bible25 ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible25 သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် အင်္ဂါ ချင်း ဖြစ် ကြ သော ကြောင့် မု သာ ကို စွန့် ပယ် လျက်၊ သ စ္စာ စ ကား ကို အ ချင်း ချင်း ပြော ဆို ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုကြောင့် မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထို့ကြောင့် လိမ်လည်၍ မပြောကြနှင့်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် တစ်ဦးကို တစ်ဦး မှန်သောစကားကိုသာ ပြောကြလော့။ အခန်းကိုကြည့်ပါ။ |
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
သူတို့၏ပရောဖက်ဖြစ်သူကရေတေကျွန်း သားတစ်ဦးကပင်လျှင်``ကရေတေကျွန်းသား တို့သည်အစဉ်လိမ်လည်သူများ၊ သားရဲဆိုး များ၊ ပျင်းရိစားကြူးသူများဖြစ်၏'' ဟုပြော ဆိုခဲ့၏။ ထိုသူ၏ပြောဆိုချက်သည်မှန်ပေ သည်။ သို့ဖြစ်၍သူတို့သည်အမှန်တကယ် ယုံကြည်လာကြစေရန်လည်းကောင်း၊ ယုဒ ဒဏ္ဍာရီစကားများနှင့်သမ္မာတရားကို ပစ်ပယ် သူတို့၏ပညတ်များကိုစွန့်လွှတ်လိုက်ကြ စေရန်လည်းကောင်းသူတို့အားကြပ်တည်း စွာဆုံးမရမည်။-
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-