ကမ္ဘာဦး 12:15 - Common Language Bible15 နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ဖာ ရော မင်း ၏ မှူး တော် မတ် တော် တို့ လည်း မြင်၍ ရှေ့ တော်၌ ချီး မွမ်း ပြီး လျှင် နန်း တော် သို့ သွင်း ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ဖာရောမင်းကြီး၏မှူးမတ်တို့သည်လည်း ထိုအမျိုးသမီးကိုတွေ့မြင်၍ ဖာရောမင်းကြီးရှေ့၌ သူ့အကြောင်းကိုချီးကျူးပြောဆိုသဖြင့် သူသည် ဖာရောမင်းကြီး၏နန်းတော်သို့ သိမ်းယူခြင်းခံရလေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်အီဂျစ်ပြည်၏အကူအညီကိုစောင့် စားလျက်နေ၏။ သို့သော်ထိုပြည်ကိုအားကိုး ခြင်းသည် ကူရိုးကိုတောင်ဝှေးအဖြစ်အသုံး ပြုခြင်းနှင့်တူပေသည်။ ထိုကူရိုးသည်ကျိုး၍ သင်၏လက်ကိုစူးလိမ့်မည်။ အီဂျစ်ဘုရင်ကား သူ့ကိုအားကိုးသူအဖို့ ထိုအရိုးနှင့်တူသည်' ဟုမိန့်တော်မူသည်'' ဟုပြော၏။
ဖာရောဘုရင်သည်ထိုသတင်းကိုကြားရသော အခါ မောရှေအားသတ်ရန်ကြံစည်လေ၏။ သို့ ရာတွင်မောရှေသည်ထွက်ပြေး၍မိဒျန်ပြည် ၌နေထိုင်လေ၏။ တစ်နေ့သ၌မောရှေသည်ရေတွင်းအနီး၌ထိုင် နေစဉ် မိဒျန်ပြည်၌နေထိုင်သောယဇ်ပုရောဟိတ် ယေသရော၏သမီးခုနစ်ယောက်တို့သည် ဖခင် ၏သိုးနှင့်ဆိတ်များအတွက်ရေတွင်းမှရေခပ် ပြီးလျှင် ရေသောက်ခွက်တွင်ရေဖြည့်ရန်လာ ကြ၏။-
စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-