သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။
၂ ကော 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ကိုယ်တိုင်သည် ကျွန်ုပ်တို့၏နှလုံးသား၌ ရေးထားသည့် လူတိုင်းဖတ်ရှု၍ သိနိုင်သော ကျွန်ုပ်တို့၏ထောက်ခံစာဖြစ်၏။ Common Language Bible သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။- Garrad Bible လူ ခပ် သိမ်း တို့ ဖတ် ကြည့် သိ သာ ဖွယ် ငါ တို့ စိတ် နှ လုံး တွင် အ က္ခ ရာ တင် ပြီး သော လက် မှတ် မှာ သင် တို့ ပင် တည်း။ Judson Bible သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင် ဖြစ်ကြသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုယ်တိုင်သည် ငါတို့စိတ်နှလုံးထဲ၌ရေးထားသည့် လူတိုင်းဖတ်ရှုလျက်သိရှိသော ငါတို့၏စာဖြစ်ကြ၏။ |
သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။
ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။
အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရသနည်း။ သင်တို့ကို မချစ်သောကြောင့်လော။ သင်တို့ကို ကျွန်ုပ်ချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ပြန်၍ ထောက်ခံချီးမွမ်းရာ ရောက်သလော။ ကျွန်ုပ်တို့သည် အခြားသူများကဲ့သို့ သင်တို့ထံ ထောက်ခံစာယူလာရန် လိုအပ်သလော။ သို့မဟုတ် သင်တို့ရေးပေးသော ထောက်ခံစာကို လိုအပ်သလော။
ဤသို့ပြောသည်မှာ သင်တို့ကို အပြစ်တင်လို၍ မဟုတ်။ ယခင်က ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင်တို့သည် ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ သေအတူရှင်မကွဲ ရှိနေကြသောကြောင့်ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။