ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
၂ ကော 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် အလွန်စိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များဖြင့် ထိုစာကိုရေးခဲ့၏။ သင်တို့ကို ဝမ်းနည်းစေလိုသောကြောင့် မဟုတ်ဘဲ သင်တို့ကို ကျွန်ုပ် မည်မျှချစ်ကြောင်းကို သိစေလိုသောကြောင့် ရေးခဲ့ခြင်းဖြစ်၏။ Common Language Bible ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။ Garrad Bible သင် တို့ ကို ပူ ပန် စေ ရန် မ ဟုတ်။ လွန် ကဲ သော မေ တ္တာ ရှိ ကြောင်း သိ စေ ရန် ကြီး စွာ သော စိတ် ဒု က္ခ နှင့် အ ပူ အ ဆွေး ခံ လျက် မျက် ရည် များ စွာ ကျ လျက် ရေး လိုက် ရ ၏။ Judson Bible အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှာ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှာ ငါရေး၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။ |
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။
ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။
ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။
ယခင်က သင်တို့ကို ကျွန်ုပ် မကြာခဏ ပြောသကဲ့သို့ ယခုလည်း မျက်ရည်ကျလျက် ထပ်မံပြောလိုသည်မှာ လူများစွာတို့သည် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပာယ်ကို မိမိတို့၏ ပြုမူနေထိုင်ပုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဖြစ်၏။