၁ ကော 10:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ကျွန်ုပ်သည် စားသုံးရသောအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်လျှင် ထိုသို့ကျေးဇူးတင်၍ စားသုံးရသောအစာအတွက် အဘယ်ကြောင့် ရှုတ်ချပြောဆိုခံရမည်နည်း။ Common Language Bible အကယ်၍ငါသည်မိမိစားသောက်သည့်အစား အစာအတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။ ထိုသို့ကျေးဇူးတော်ကိုချီးမွမ်း ၍စားသောက်သည့်အစားအစာနှင့်ပတ်သက်၍ ငါ့အားသူတစ်ပါးကအဘယ်ကြောင့်ဝေဖန် ရပါမည်နည်း'' ဟုမေးလိုပေလိမ့်မည်။ Garrad Bible ငါ သည် ကျေး ဇူး တော် ကို ချီး မွမ်း လျက် သုံး ဆောင် လျှင် လည်း ထို သို့ ချီး မွမ်း၍ စား သည့် အ စာ အ တွက် အ ဘယ့် ကြောင့် အ သေ ရေ ပျက် ခံ ထိုက် မည် နည်း။ Judson Bible ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင်မူကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကျေးဇူးတော်ချီးမွမ်းလျက်စားသုံးလျှင် ငါကျေးဇူးတော်ချီးမွမ်းသည့်အရာအတွက် အဘယ်ကြောင့် စော်ကားပြောဆိုခြင်းခံရမည်နည်း။ |
နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။
ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။