ယုံကြည်သူများသည် ခရစ်တော်၌ အင်္ဂါအစိတ်အပိုင်းများစွာပါရှိသည့် ကိုယ်ခန္ဓာကဲ့သို့ ဖြစ်ကြ၏။ လူ့ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း ထိုအစိတ်အပိုင်းများစွာသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်၏။
ဧဖက် 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် သတင်းကောင်းကို ယုံကြည်သောကြောင့် ဂျူးလူမျိုးတို့နှင့် အတူတကွ အမွေခံဖြစ်ခြင်း၊ ကိုယ်ခန္ဓာတစ်ခုတည်း၌ ဂျူးလူမျိုးတို့နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှုခရစ်တော်ကြောင့် ရရှိသော ကတိတော်ကို ဂျူးလူမျိုးတို့နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။ Common Language Bible ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။ Garrad Bible သ တင်း တော် မြတ် ကြောင့် ခ ရစ် တော် ယေ ရှု၌ လူ မျိုး ခြား တို့ သည် ငါ တို့ နှင့် အ တူ အ မွေ ခံ များ၊ ကိုယ် ခ န္ဓာ တော်၏ အင်္ဂါ များ၊ က တိ တော် ကို ခံ စား သူ များ ဖြစ် ကြ သ တည်း။ Judson Bible ထိုနက်နဲသောအရာဟူမူကား၊ တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောကတိတော်ကို ဆက်ဆံရကြသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုလျှို့ဝှက်နက်နဲသောအရာမှာ လူမျိုးခြားတို့သည် ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ အတူတကွအမွေဆက်ခံသူများ၊ တစ်ခုတည်းသောကိုယ်ခန္ဓာ၌ပါဝင်သူများ၊ ကတိတော်ကိုအတူတကွခံစားသူများဖြစ်ကြခြင်းပေတည်း။ |
ယုံကြည်သူများသည် ခရစ်တော်၌ အင်္ဂါအစိတ်အပိုင်းများစွာပါရှိသည့် ကိုယ်ခန္ဓာကဲ့သို့ ဖြစ်ကြ၏။ လူ့ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း ထိုအစိတ်အပိုင်းများစွာသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်၏။
သင်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ကြပြီး သင်တို့တစ်ဦးချင်းသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ဘုရားသခင်သည် မိမိ၏ လျှို့ဝှက်နက်နဲသော အကြံအစည်ကို ဗျာဒိတ်တော်ဖြင့် ကျွန်ုပ်ကို ဖော်ပြတော်မူကြောင်း အထက်ပါအတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် ဖြစ်၏။
သူတို့သည် ဦးခေါင်းဖြစ်သည့် ခရစ်တော်၌ မှီခိုအားထားခြင်း မရှိ။ ထိုဦးခေါင်းဖြစ်သည့် ခရစ်တော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြော အရွတ်များဖြင့် ဆက်စပ်၍ အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေလိုတော်မူသည့်အတိုင်း ကြီးထွားကြ၏။
ကျွန်ုပ်တို့မြင်ရ၊ ကြားရသော အရာများကို သင်တို့အား ပြောပြရခြင်းမှာ သင်တို့သည် ကျွန်ုပ်တို့နှင့် မိတ်သဟာယဖွဲ့စေရန် ဖြစ်၏။ ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ခမည်းတော်နှင့်လည်းကောင်း၊ သားတော် ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။