သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
ဟေဗြဲ 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သတ္တမနေ့၌ ဘုရားသခင်အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ လူမျိုးတော်အတွက် စံမြန်းနားခိုရာ ရှိသေး၏။ Common Language Bible သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။- Garrad Bible ထို့ ကြောင့် ဘု ရား သ ခင့် လူ မျိုး တော့် အ ဖို့ ငြိမ် ဝပ် ရာ ချမ်း သာ ရှိ သေး၏။ Judson Bible ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့ အလိုငှာ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။ |
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အပြစ်၌ ခဏတာသာယာပျော်မွေ့ခြင်းထက် ဘုရားသခင်၏ လူမျိုးတော်တို့နှင့်အတူ ဆင်းရဲဒုက္ခခံခြင်းကို ရွေးချယ်ခဲ့၏။
ထို့ကြောင့် ငါသည် စိတ်ဆိုး၍ ‘သူတို့သည် ငါ၏စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟု ကျိန်ဆိုသည်” ဟူ၍ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိလုပ်ဆောင်မှုများပြီးသည့်အခါ အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ စံမြန်းနားခိုရာသို့ ဝင်သောသူသည်လည်း မိမိလုပ်ဆောင်မှုများကို ရပ်နားလျက် အနားယူရ၏။
ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ ဤသည်မှာ ဘုရားသခင်က “ထို့ကြောင့် ငါသည် အမျက်ထွက်ကာ ‘သူတို့သည် ငါ၏ စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟူ၍ တိုင်တည်လျက် ပြောဆို၏” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့သော် ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ အမှန်စင်စစ် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူကတည်းက အမှုတော်သည် ပြီးမြောက်ပြီဖြစ်သော်လည်း ဤစကားကို မိန့်တော်မူ၏။
အကယ်၍ ယောရှုသည် အစ္စရေးလူမျိုးတို့ကို နားခိုရာ ပေးပြီးသည်မှန်လျှင် ဘုရားသခင်သည် အခြားသော နေ့ရက်အကြောင်းကို မိန့်တော်မူမည် မဟုတ်။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သူတို့၏ မျက်လုံးမှ မျက်ရည်ရှိသမျှကို သုတ်တော်မူလိမ့်မည်။ သေခြင်း၊ ညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် မရှိတော့ပေ။ ရှေးယခင်က ဖြစ်ခဲ့သောအရာတို့သည် ကွယ်ပျောက်ကြပြီ” ဟူ၍ ဖြစ်၏။