Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 4:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​လုပ်ဆောင်မှုများ​ပြီးသည့်​အခါ အနားယူတော်မူ​သကဲ့သို့ ဘုရားသခင်​၏ စံမြန်း​နားခိုရာ​သို့ ဝင်သောသူ​သည်လည်း မိမိ​လုပ်ဆောင်မှုများ​ကို ရပ်နား​လျက် အနားယူရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ သူ​သည် ဘု​ရား​သ​ခင်​နည်း​တူ​မိ​မိ​အ​လုပ်​မှ ငြိမ်​ဝပ်​စွာ​နေ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ကိုယ် တော်၏ ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ရ သူ မှာ ဘု ရား သ ခင် သည် လက် မှု တော် ပြီး စီး၍ ငြိမ် ဝပ် စွာ နေ တော် မူ သည့် နှင့် နည်း တူ နေ ရ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား ဘုရားသခင်​သည် မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​တော်မူ​သကဲ့သို့ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​သော​သူ​သည်​လည်း မိမိ​လုပ်ဆောင်​သော​အမှု​များ​ကို​ရပ်​လျက် ငြိမ်ဝပ်​စွာ​နေ​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 4:10
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် “ဤ​အရာ​ကို ရေးမှတ်ထားလော့။ ယခု​မှစ၍ သခင်ဘုရား​ကို သစ္စာရှိ​စွာ ယုံကြည်​လျက် သေလွန်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကောင်းကင်ဘုံ​မှ ပြောဆိုသံ​ကို ကျွန်ုပ်​ကြားရ၏။ ဝိညာဉ်တော်​ကလည်း “မှန်ပေ၏။ သူတို့​ပြုခဲ့သော​အမှုများ​အတွက် ဆုပေးခံကြရ​သဖြင့် သူတို့​သည် ပင်ပန်း​ဆင်းရဲ​စွာ လုပ်ဆောင်ခြင်း​မှ အနားယူခွင့် ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် ခရစ်တော်​မှာမူ အပြစ်ဖြေ​ရန် ထာဝရ​အတွက် တစ်ခုတည်းသော​ယဇ်​ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်​၏ လက်ယာတော်ဘက်​၌ ထိုင်တော်မူ၏။


ယေရှု​သည် ထို​ချဉ်သော​စပျစ်ဝိုင်​ကို မြည်းစမ်းတော်မူ​ပြီးမှ “အမှု​ပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်​ငိုက်​၍ အသက်​ချုပ်တော်မူ၏။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


သို့ဖြစ်၍ သတ္တမနေ့​၌ ဘုရားသခင်​အနားယူတော်မူ​သကဲ့သို့ ဘုရားသခင်​၏ လူမျိုးတော်​အတွက် စံမြန်း​နားခိုရာ ရှိသေး၏။


ထို့နောက် သူတို့​တစ်ဦးစီ​အား ဝတ်ရုံဖြူများ​ကို ပေးတော်မူ၏။ သူတို့​နည်းတူ အသတ်ခံရမည့် သူတို့​၏​အစေခံချင်း၊ သူတို့​၏​ညီအစ်ကို​မောင်နှမ​ချင်း အရေအတွက်​ပြည့်သည်​အထိ အနည်းငယ်​စောင့်ကြ​ရန် သူတို့​အား မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ