လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ရှင်ယောဟန် 12:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “လူသားဘုန်းပွင့်မည့်အချိန် ကျရောက်ပြီ။ Common Language Bible သခင်ယေရှုက ``လူသားဘုန်းအသရေပွင့် မည့်အချိန်ကျရောက်လာလေပြီ။- Garrad Bible ယေရှုကလည်း၊ လူ့သားဘုန်းထင်ရှားရမည့်အချိန်ရောက်လေပြီ။ Judson Bible ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“လူ့သားကို ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်လာပြီ။ မြန်မာ ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။- |
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ထို့နောက် ယေရှုသည် တပည့်တော်တို့ထံ ပြန်ကြွလာ၍ “သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် နားနေကြသေးသလော။ လူသားကို အပြစ်သားတို့၏ လက်ထဲသို့ အပ်နှံရသောအချိန် ရောက်လာပြီ။
ထို့နောက် ရှေ့သို့ အနည်းငယ် ကြွသွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အို အဖခမည်းတော်… ကိုယ်တော်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရ မဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ” ဟု မိမိရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်အချိန်နာရီကို ဖြစ်နိုင်လျှင် လွန်သွားစေတော်မူရန်အတွက် ဆုတောင်းတော်မူ၏။
သူတို့ထံသို့ တတိယအကြိမ် ပြန်ကြွလာတော်မူပြီးနောက် ယေရှုက “သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် နားနေကြသေးသလော။ တော်လောက်ပေပြီ။ လူသားကို အပြစ်သားတို့၏ လက်ထဲသို့ အပ်နှံရသောအချိန် ရောက်လာပြီ။
ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။
ထိုအချိန်သည် ပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ ယေရှုသည် ဤလောကမှ ထွက်ခွာ၍ မိမိ၏ခမည်းတော်ထံသို့ ပြန်ကြွတော်မူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်းကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ ရှိသော မိမိတပည့်တို့ကို ချစ်တော်မူ၏။ သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏။
ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။