Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:45 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 ထို့နောက် ယေရှု​သည် တပည့်တော်တို့​ထံ ပြန်ကြွလာ​၍ “သင်တို့​သည် ယခု​တိုင်အောင် အိပ်ပျော်​လျက် နားနေကြသေးသလော။ လူသား​ကို အပြစ်သားတို့​၏ လက်​ထဲသို့ အပ်နှံရသော​အချိန် ရောက်လာပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 ထို နောက် တ ပည့် တော် တို့ ထံ ကြွ လာ၍ ယ ခု အိပ် စက် နား နေ ကြ လော့။ အ ချိန် နာ ရီ တိုင် လု ပြီ။ လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

45 ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:45
14 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​သည် မြို့​ထဲသို့ ဝင်​သောအခါ လူ​တစ်ဦး​ကို တွေ့​လိမ့်မည်။ ထို​လူ​ကို တွေ့​လျှင် ဆရာတော်​က ‘ငါ​၏​အချိန် ရောက်လာပြီ။ ငါ​သည် ပသခါပွဲတော်​ညစာ​ကို တပည့်တို့​နှင့်အတူ သင့်​အိမ်​၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်​ဟူ၍ ထို​သူ​အား ပြောကြလော့” ဟု မိန့်တော်မူ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယေရှု​သည် သူတို့​ကို ထားခဲ့​၍ တတိယအကြိမ် သွား​လျက် ယခင်​အတိုင်း ထပ်မံ​ဆုတောင်းတော်မူ၏။


ထကြ၊ သွားကြစို့။ ငါ့​ကို သစ္စာဖောက်​၍​အပ်မည့်​သူ ရောက်နေပြီ” ဟု မိန့်တော်မူ၏။


ထို့နောက် ရှေ့​သို့ အနည်းငယ် ကြွသွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အို အဖ​ခမည်းတော်… ကိုယ်တော်​သည် အရာခပ်သိမ်း​ကို တတ်နိုင်တော်မူ၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ​ဖြစ်စေတော်မူပါ” ဟု မိမိ​ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်​အချိန်နာရီ​ကို ဖြစ်နိုင်​လျှင် လွန်သွား​စေတော်မူ​ရန်အတွက် ဆုတောင်းတော်မူ၏။


ငါ​သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်​တွင် သင်တို့​နှင့်အတူ​ရှိစဉ် မဖမ်းဆီးဘဲ​နေကြ၏။ သို့သော်လည်း ဤ​အချိန်​သည် သင်တို့​၏​အချိန်၊ အမှောင်ထု​ကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “လူသား​ဘုန်းပွင့်မည့်​အချိန် ကျရောက်ပြီ။


ယခု​ငါ​သည် အလွန်​စိတ်​ပူပန်​လျက်​ရှိ၏။ ငါ့​ခမည်းတော်​ထံ ‘အို အဖ… အကျွန်ုပ်​ကို ဤ​ဒုက္ခ​ရောက်ချိန်​နှင့် ကင်းလွှတ်​စေတော်မူပါ’ ဟု ဆုတောင်း​ရမည်လော။ သို့ရာတွင် ငါ​သည် ဤ​အချိန်နာရီ​အတွက် ရောက်လာခြင်း​ဖြစ်၏။


ထို​အချိန်​သည် ပသခါပွဲတော်​မတိုင်မီ​တစ်ရက် ဖြစ်၏။ ယေရှု​သည် ဤ​လောက​မှ ထွက်ခွာ​၍ မိမိ​၏​ခမည်းတော်​ထံသို့ ပြန်ကြွတော်မူ​ရမည့် အချိန်​ရောက်ပြီ​ဖြစ်ကြောင်း​ကို သိတော်မူ၏။ ကိုယ်တော်​သည် ဤ​လောက​၌ ရှိသော မိမိ​တပည့်တို့​ကို ချစ်တော်မူ၏။ သူတို့​ကို အဆုံး​တိုင်အောင် ချစ်တော်မူ၏။


ဤ​အကြောင်းအရာများ​ကို မိန့်တော်မူပြီး​သောအခါ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်​လျက် “အို အဖ… အချိန်​ကျပါပြီ။ သားတော်​သည် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​စေနိုင်ရန် ကိုယ်တော်​သည် သားတော်​၏​ဘုန်း​ကို ထင်ရှားစေတော်မူပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ