Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 14:41 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 သူတို့​ထံသို့ တတိယ​အကြိမ် ပြန်ကြွလာတော်မူ​ပြီးနောက် ယေရှု​က “သင်တို့​သည် ယခု​တိုင်အောင် အိပ်ပျော်​လျက် နားနေကြသေးသလော။ တော်လောက်ပေပြီ။ လူသား​ကို အပြစ်သားတို့​၏ လက်​ထဲသို့ အပ်နှံရသော​အချိန် ရောက်လာပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 တ တိ ယ အ ကြိမ် ပြန် ကြွ သည့် ကာ လ ကိုယ် တော် က ယ ခု အိပ် စက် နား နေ ကြ တော့။ တော် လှ ပြီ။ အ ချိန် နာ ရီ ရောက် ပြီ။ လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ တော်လောက်​ပေ​၏။ အချိန်​ရောက်လာ​ပြီ။ ကြည့်ရှု​လော့။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

41 သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:41
23 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှေ့​သို့ အနည်းငယ် ကြွသွား​၍ မြေ​ပေါ်​တွင် ပျပ်ဝပ်တော်မူ​ပြီးလျှင် “အို အဖ​ခမည်းတော်… ကိုယ်တော်​သည် အရာခပ်သိမ်း​ကို တတ်နိုင်တော်မူ၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်​၏ အလိုဆန္ဒ​အရ မဟုတ်ဘဲ ကိုယ်တော်​၏ အလိုတော်​အတိုင်းသာ​ဖြစ်စေတော်မူပါ” ဟု မိမိ​ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်​အချိန်နာရီ​ကို ဖြစ်နိုင်​လျှင် လွန်သွား​စေတော်မူ​ရန်အတွက် ဆုတောင်းတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဤ​အကြောင်းအရာများ​ကို မိန့်တော်မူပြီး​သောအခါ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်​လျက် “အို အဖ… အချိန်​ကျပါပြီ။ သားတော်​သည် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​စေနိုင်ရန် ကိုယ်တော်​သည် သားတော်​၏​ဘုန်း​ကို ထင်ရှားစေတော်မူပါ။


သင်တို့​ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်​ဟူ၍ ရှိသလော။ သူတို့​သည် ဖြောင့်မတ်သော​အရှင် ကြွလာမည့်​အကြောင်း ကြိုတင်ဟောပြောသော​သူများ​ကို သတ်ဖြတ်ကြ၏။ ယခု သင်တို့​သည် ထို​အရှင်​ကို သစ္စာဖောက်​၍ သတ်ကြပြီ။


ယခု​ငါ​သည် အလွန်​စိတ်​ပူပန်​လျက်​ရှိ၏။ ငါ့​ခမည်းတော်​ထံ ‘အို အဖ… အကျွန်ုပ်​ကို ဤ​ဒုက္ခ​ရောက်ချိန်​နှင့် ကင်းလွှတ်​စေတော်မူပါ’ ဟု ဆုတောင်း​ရမည်လော။ သို့ရာတွင် ငါ​သည် ဤ​အချိန်နာရီ​အတွက် ရောက်လာခြင်း​ဖြစ်၏။


ထိုအခါ ယေရှု​က “လူသား​ဘုန်းပွင့်မည့်​အချိန် ကျရောက်ပြီ။


ကိုယ်တော်​သည် ဗိမာန်တော်​၏ အလှူခွက်​ထားရာ​နေရာ​အနီး​တွင် သွန်သင်တော်မူ​စဉ် ဤ​စကားတော်တို့​ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်​၏​အချိန် မကျရောက်သေး​သောကြောင့် မည်သူ​မျှ မဖမ်းဆီးကြ။


ထိုအခါ ဂျူးခေါင်းဆောင်များ​သည် ယေရှု​ကို ဖမ်းဆီး​ရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု​၏​အချိန် မကျရောက်သေး​သောကြောင့် မည်သူ​မျှ မဖမ်းဆီးကြပေ။


သူတို့​သည် စားပွဲ​၌ ထိုင်​လျက် စားသောက်နေကြ​စဉ် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​နှင့်အတူ စားနေသော သင်တို့​အထဲမှ တစ်ယောက်​သည် ငါ့​ကို သစ္စာဖောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် တပည့်တော်​ဆယ့်နှစ်ပါး​တွင် တစ်ပါး​ဖြစ်သော ယုဒရှကာရုတ်​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​လက်သို့ ယေရှု​ကို အပ်​ရန် သူတို့​ထံသို့ ထွက်သွားလေ၏။


ဆက်လက်​၍ ကိုယ်တော်​က “သင်တို့​သည် မိမိတို့​၏ ဓလေ့ထုံးတမ်း​ကို ထိန်းသိမ်း​ရန်အတွက် ဘုရားသခင်​၏ ပညတ်တော်​ကို ပစ်ပယ်ကြ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် တပည့်တော်တို့​ထံ ပြန်ကြွ​သောအခါ သူတို့​သည် ငိုက်မျဉ်း​၍ အိပ်ပျော်နေကြသည်​ကို တွေ့မြင်တော်မူ၏။ သူတို့​သည် ကိုယ်တော်​အား မည်သို့​ပြန်လည်​ဖြေကြားကြရမည်​ကို မသိကြ။


ထကြ။ သွားကြစို့။ ငါ့​ကို သစ္စာဖောက်အပ်နှံမည့်​သူ ရောက်နေပြီ” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ