ထိုသို့ ယေရှုသည် ပုံဥပမာများသုံး၍ ဤအကြောင်းအရာများကို လူထုအား ဟောပြောတော်မူ၏။ ပုံဥပမာများမသုံးဘဲ ဟောတော်မမူပေ။
ရှင်ယောဟန် 10:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူတို့ကို ဤပုံဥပမာ ဟောပြောသော်လည်း သူတို့သည် အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။ Common Language Bible သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။ Garrad Bible ထိုသို့မိန့်တော်မူချက်ကို သူတို့နားမလည်ကြ။ Judson Bible ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤပုံဥပမာကို လူတို့အားမိန့်တော်မူသော်လည်း မည်သည့်အကြောင်းအရာများမိန့်တော်မူသည်ကို သူတို့နားမလည်ကြ။ မြန်မာ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။ |
ထိုသို့ ယေရှုသည် ပုံဥပမာများသုံး၍ ဤအကြောင်းအရာများကို လူထုအား ဟောပြောတော်မူ၏။ ပုံဥပမာများမသုံးဘဲ ဟောတော်မမူပေ။
ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ဤအကြောင်းအရာများကို ပုံဆောင်တင်စား၍ ငါဟောပြော၏။ သို့ရာတွင် မကြာမီ ပုံဆောင်တင်စားရန် မလိုဘဲ ခမည်းတော်၏အကြောင်းမှန်သမျှကို ရှင်းလင်းစွာ ငါဖော်ပြမည့်အချိန် ရောက်လာလိမ့်မည်။
ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဥပမာမဆောင်ဘဲ ရှင်းလင်းစွာ မိန့်တော်မူ၏။
ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
တပည့်တော်အများအပြားသည် ထိုအကြောင်းကို ကြားလျှင် “ဤသွန်သင်ချက်သည် အလွန်ခက်ခဲလှ၏။ မည်သူ ခံယူနိုင်မည်နည်း” ဟု ပြောဆိုကြ၏။
သူပြောဆိုသည့် ‘သင်တို့သည် ငါ့ကို ရှာသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။ ငါသွားမည့် အရပ်သို့လည်း လိုက်နိုင်ကြမည်မဟုတ်’ ဟူသော စကားသည် မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
ငါ့စကားကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ထိုသို့နားမလည်ခြင်းမှာ ငါ့သွန်သင်ချက်ကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်၏။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
“ခွေးသည် မိမိအန်ဖတ်ကို ပြန်စားတတ်၏။ ဝက်သည် ရေချိုးပြီးလျှင်ပင် ရွှံ့၌ ပြန်လူးတတ်၏” ဟူသည့် မှန်သောဆိုရိုးစကားသည် ထိုသူတို့၌ ဖြစ်ပျက်လာ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။