သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
ရောမ 6:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။ Common Language Bible ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။- Garrad Bible ထို ကြောင့် ကိုယ် ခ န္ဓာ၏ တပ် မက် ခြင်း ကို လိုက် နာ စေ ရန် သင် တို့၏ အ နိ စ္စ ခ န္ဓာ၌ အ ပြစ် တ ရား မင်း မ မူ စေ လင့်။ Judson Bible ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့လိုက်ရန် သင်တို့၏သေတတ်သောကိုယ်ခန္ဓာကို အပြစ်အား မစိုးမိုးစေကြနှင့်။ |
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
ဤသို့ဖြင့် အပြစ်တရားသည် သေခြင်းတရားအားဖြင့် အုပ်စိုးခဲ့သကဲ့သို့ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရရှိစေရန် ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းတရားအားဖြင့် အုပ်စိုးတော်မူ၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
သင်တို့သည် တစ်စုံတစ်ဦးအား နာခံရန် မိမိကိုယ်မိမိ ဆက်သလျှင် ထိုသူ၏ ကျွန်ဖြစ်လာသည်ကို မသိသလော။ သို့ဖြစ်၍ သင်တို့သည် သင်တို့ကို သေစေမည့်အပြစ်တရား၏ကျွန်လည်း ဖြစ်နိုင်သကဲ့သို့ ဖြောင့်မတ်စွာ နေထိုင်စေမည့်နာခံခြင်း၏ကျွန်လည်း ဖြစ်နိုင်၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
သေမျိုးဖြစ်သော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၌ ယေရှုအသက်ရှင်တော်မူကြောင်း ပေါ်လွင်ထင်ရှားနိုင်ရန် အသက်ရှင်စဉ်ကာလတွင် ကျွန်ုပ်တို့သည် ယေရှုကိုအစေခံ၍ အစဉ်မပြတ် သေဘေးနှင့် ရင်ဆိုင်ကြရ၏။
ကျွန်ုပ်တို့သည် ဤလောကီခန္ဓာတွင် ရှိနေစဉ် လေးလံသောဝန်ကို ထမ်းရသောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်မှာ ဤလောကီခန္ဓာမှ ထွက်ခွာလိုသောကြောင့် မဟုတ်ဘဲ သေတတ်သောအရာကို ထာဝရအသက်ရှင်ခြင်းဖြင့် အစားထိုးနိုင်ရန် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်လိုသောကြောင့် ဖြစ်၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
ဤကျေးဇူးတော်သည် ကျွန်ုပ်တို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းကို ငြင်းပယ်၍ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့ဖြင့် နေထိုင်ရန် သွန်သင်ပေး၏။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
သင်တို့သည် ဘုရားသခင်ကို နာခံသောသားသမီးများဖြစ်သောကြောင့် သင်တို့မသိနားမလည်ခဲ့စဉ်အချိန်က လိုက်ခဲ့သော တပ်မက်မှုနောက်သို့ မလိုက်ကြနှင့်။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။