သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ရောမ 11:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ကျွန်ုပ်မေးလိုသည်မှာ ဘုရားသခင်သည် မိမိလူမျိုးတော်ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်ကိုယ်တိုင်ပင် အစ္စရေးလူမျိုး၊ အာဗြဟံမျိုးဆက်၊ ဗင်္ယာမိန်အနွယ်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်သည်မိမိ၏လူစုတော် အား ပစ်ပယ်တော်မူပြီလောဟုမေးသော်ဧကန် မုချပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်ပင်လျှင် ဣသရေလအမျိုးသား၊ အာဗြဟံမှဆင်း သက်သူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။- Garrad Bible သို့ ဖြစ် လျှင် ဘု ရား သ ခင် သည် လူ မျိုး တော် ကို စွန့် ပစ် တော် မူ သ လော။ ထို သို့ မ ဖြစ် စေ ရာ။ ငါ့ ကိုယ် တိုင် သည် ဣ သ ရေ လ လူ မျိုး၊ အာ ဗြ ဟံ့ အ ဆက်၊ ဗင်္ယာ မိန့် အ နွယ် ဖြစ် ၏။ Judson Bible သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟု မေးသော်၊ ပယ်တော်မမူဟု ဆိုရ၏။ ငါပင် ဣသရေလလူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။ |
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ပေါလုက “ကျွန်ုပ်သည် ဆီလီဆီးယားပြည်ရှိ တာရှုမြို့၌ မွေးဖွားသော ဂျူးလူမျိုးတစ်ဦးဖြစ်ပါ၏။ သို့သော် ကျွန်ုပ်သည် ဤဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့၏ပညတ်တရားအတိုင်း ဂါမလျေလထံ၌ တင်းကျပ်စွာ သင်ယူခဲ့ရသူဖြစ်၏။ ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ ကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါ၏။
အကျွန်ုပ်သည် ဦးစွာမိမိ၏မွေးရပ်မြေတွင်လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့တွင်လည်းကောင်း ငယ်ရွယ်စဉ်မှစ၍ မည်သို့ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအားလုံးသိကြပါ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏ လူမျိုးတော်တို့သည် တိုက်မိ၍ လဲပြီလောဟု မေးသော် ထိုသို့မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံသောကြောင့် ဘုရားသခင်သည် ကယ်တင်ခြင်းကို လူမျိုးခြားတို့အား ပေးတော်မူ၏။ ထိုသို့ပြုတော်မူသည်မှာ မိမိလူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့၌ သဝန်တိုစိတ်ရှိလာစေရန် ဖြစ်၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။
ကျွန်ုပ်သည် ရှစ်ရက်မြောက်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူခဲ့၏။ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်၊ ဟေဗြဲလူမျိုးမှ ပေါက်ဖွားသော ဟေဗြဲလူမျိုးအစစ် ဖြစ်၏။ ပညတ်တရားကို လိုက်နာသော ဖာရိရှဲတစ်ဦး ဖြစ်ခဲ့၏။