ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ရောမ 10:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် “တရားတော်သည် သင့်အနီး၌ ရှိ၏။ ၎င်းသည် သင့်နှုတ်၌လည်းကောင်း၊ သင့်စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ထိုတရားတော်မှာ ကျွန်ုပ်တို့ဟောပြောသော ယုံကြည်ခြင်းတရား ဖြစ်၏။ Common Language Bible ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။- Garrad Bible မည် သို့ ဆို သ နည်း။ ငါ တို့ ဟော ပြော သည့် ယုံ ကြည် ခြင်း သ တင်း ဟု ဆို လို သော သ တင်း တော် သည် သင့် နှုတ်၊ သင့် နှ လုံး၊ သင့် အ နီး အ ပါး၌ တည် ရှိ သည် ဟု ဆို သ တည်း။ Judson Bible တစ်ဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။ |
ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ပေါလုနှင့်သိလတို့ကလည်း “သခင်ယေရှုကို ယုံကြည်လော့။ သင်နှင့် သင်၏အိမ်သားအားလုံးတို့သည် ကယ်တင်ခြင်းခံရမည်” ဟု ပြောကြ၏။
ထို့ကြောင့် ယုံကြည်ခြင်းသည် သတင်းကောင်းဟူသော ခရစ်တော်၏ အကြောင်းကို ကြားနာခြင်းမှ ဖြစ်လာ၏။
သင်တို့ထံမှ ကျွန်ုပ်သိလိုသောအရာ တစ်ခုသာ ရှိ၏။ သင်တို့သည် ဝိညာဉ်တော်ကို ခံယူရရှိရာတွင် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ခံယူရရှိသလော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိသလော။
ထပ်မံ၍ မေးလိုသည်မှာ ဘုရားသခင်သည် သင်တို့အား ဝိညာဉ်တော်ကို ပေးတော်မူ၍ သင်တို့အလယ်၌ အံ့ဖွယ်တန်ခိုးတို့ကို ပြတော်မူသည်မှာ ပညတ်တရားကို သင်တို့လိုက်နာသောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို သင်တို့ယုံကြည်သောကြောင့်လော။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အစဉ်အမြဲတည်၏” ဟု ဆိုထား၏။ ဤနှုတ်ကပတ်တော်မှာ သင်တို့အားဟောပြောသော သတင်းကောင်းဖြစ်၏။