ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ယာကုပ် 4:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားကို ပေးတော်မူသောအရှင်၊ တရားစီရင်တော်မူသောအရှင် တစ်ပါးတည်းသာ ရှိ၏။ ထိုအရှင်သည် ကယ်တင်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်း ရှိသောဘုရားသခင်ဖြစ်တော်မူ၏။ သို့သော် သင်သည် မည်သူဖြစ်၍ သူတစ်ပါးကို စီရင်ရသနည်း။ Common Language Bible ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။ Garrad Bible ကယ် တင် ခွင့်၊ ဖျက် ဆီး ခွင့် ပိုင် တော် မူ သော အ ရှင် သည် တစ် ပါး တည်း သော ဓ မ္မ သတ် ရှင်၊ တ ရား မင်း ဖြစ် တော် မူ၏။ အ ပေါင်း အ ဖော် ကို စီ ရင် ဆုံး ဖြတ် သော သင် ကား မည် သူ နည်း။ Judson Bible ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တစ်ပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှာလည်းကောင်း၊ ဖျက်ဆီးခြင်းငှာလည်းကောင်း၊ တတ်နိုင်တော်မူ၏။ သူတစ် ပါးကို စစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။ မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကိုပေးသောသူ၊ တရားစီရင်သောသူသည် တစ်ပါးတည်းရှိတော်မူပြီး ထိုအရှင်သည် ကယ်တင်နိုင်စွမ်းရှိ၍ ဖျက်ဆီးနိုင်စွမ်းလည်းရှိတော်မူ၏။ သင်မူကား မည်သူဖြစ်၍ မိမိဝန်းကျင်၌ရှိသောသူကိုစီရင်ရသနည်း။ |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
သို့သော်လည်း သင်တို့ကြောက်ရမည့်သူကို ငါပြောမည်။ ကိုယ်ခန္ဓာကို သတ်၍ ငရဲသို့ပစ်ချနိုင်သော ဘုရားသခင်ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့ကြောက်ရွံ့ရမည်သူမှာ ထိုအရှင်ဖြစ်၏။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏ အစေခံကို အပြစ်တင်မည်နည်း။ ထိုအစေခံ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ်ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ သခင်က ဆုံးဖြတ်လိမ့်မည်။ သူ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို ကူမနိုင်စွမ်းရှိတော်မူသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။