သင်တို့ပြောသော စကားများအပေါ်မူတည်၍ အပြစ်ဒဏ်ခံထိုက်သည်၊ မခံထိုက်သည်ကို စီရင်ချက်ချတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ယာကုပ် 2:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အဘအာဗြဟံသည် မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သောအခါ ထိုလုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်လော။ Common Language Bible ငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။- Garrad Bible ငါ တို့ အ ဘ အာ ဗြ ဟံ သည် သား ဣ ဇာက် ကို ပူ ဇော် ရာ ပ လ္လင် ပေါ် မှာ ဆက် ကပ် သည် တွင် ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ရောက် ခဲ့ သည် မ ဟုတ် လော။ Judson Bible ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့အဖအာဗြဟံသည် မိမိသားဣဇက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။ |
သင်တို့ပြောသော စကားများအပေါ်မူတည်၍ အပြစ်ဒဏ်ခံထိုက်သည်၊ မခံထိုက်သည်ကို စီရင်ချက်ချတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ် မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်ဆင်းနိုင်တော်မူ၏။
ထို့ပြင် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှ ကယ်တင်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့သောစိတ်မရှိဘဲ အကျွန်ုပ်တို့အား ရှေ့တော်၌ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ခွင့်ပေးမည်ဟု အကျွန်ုပ်တို့၏အဖအာဗြဟံအား တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
သူဌေးကြီးကလည်း ‘အဖအာဗြဟံ… ထိုသို့မဟုတ်ပါ။ သေလွန်သူထဲမှ တစ်စုံတစ်ဦး သွားရောက်ပါက သူတို့သည် နောင်တရကြပါလိမ့်မည်’ ဟု ဆိုပြန်၏။
သူတို့ကလည်း “အကျွန်ုပ်တို့၏ ဖခင်သည် အာဗြဟံဖြစ်သည်” ဟု ပြန်၍လျှောက်ကြ၏။ ယေရှုက “သင်တို့သည် အာဗြဟံ၏သားသမီးများ ဖြစ်ကြလျှင် အာဗြဟံ၏ ပြုသကဲ့သို့ ပြုကြလိမ့်မည်။
သင်သည် ငါတို့၏ဖခင်ကြီး အာဗြဟံထက် ပို၍ ကြီးမြတ်သလော။ သူသည် ကွယ်လွန်ခဲ့ပြီ။ ပရောဖက်တို့သည်လည်း ကွယ်လွန်ကြပြီ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မည်သူဟု ထင်မှတ်သနည်း” ဟု ပြောဆိုကြ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဂျူးလူမျိုး၏ ဘိုးဘေးအာဗြဟံသည် မည်သို့ကြုံတွေ့ခဲ့သနည်း။
ထို့ပြင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့အတွက်လည်း အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ သို့သော် အာဗြဟံအရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီက ရှိခဲ့သောယုံကြည်ခြင်းမျိုးသည် ထိုသူတို့၌ ရှိရမည်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
လူသည် ယုံကြည်ခြင်းအားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြောင်း သင်တို့သိမြင်ကြ၏။